မီးပျက်ချိန်များလာတာနဲ့ အမျှ လူတိုင်းနီးပါး ဖုန်းအားမရှိတဲ့ ပြဿနာနဲ့ နေ့စဉ်ရင်ဆိုင်နေကြ ရပါတယ်။
စမတ်ဖုန်းတွေက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝထဲက အချိန်တော်တော်များများအတွက် အသုံးပြုနေရတဲ့ ပစ္စည်းတစ်ခု ဖြစ်တာကြောင့် ဖုန်းအားမရှိရင် အရေးကြီးတဲ့ ဖုန်းကောတွေ ၊ သတင်း အချက်အလက်တွေ ၊ အပန်းဖြေစရာတွေ အားလုံးကို လက်လွှတ်ဆုံးရှုံးရမှာ ဖြစ်ပါတယ်။
ဒါဆို ဖုန်းအား တစ်ခါသွင်းထားပြီး တစ်နေ့တာလုံးအတွက် ဘက်ထရီ ကြာကြာ အသုံးခံဖို့ဘာတွေ လုပ်ဆောင်ရမလဲ။ ဖုန်းအားမရှိရင် မနေတက်ဘူးဆိုတဲ့ မိတ်ဆွေတို့ ဒီဆောင်းပါးလေးမှာ လေ့လာကြည့်ရအောင်ပါ။
(၁) Auto-Rotate ပိတ်ထားပါ
ကွီးတို့ရဲ့ ဖုန်းမှာ Auto-Rotate Mode ဖွင့်ထားမိလား အရင်ဆုံး စစ်ဆေးကြည့်လိုက်ပါ။ Auto-Rotate လုပ်ဆောင်ချက်ကို အများအားဖြင့် ရုပ်ရှင်နဲ့ ဗီဒီယိုတွေ ကြည့်တဲ့အခါမှာ အသုံးပြုကြတာ များပေမယ့် အချိန်တိုင်းနီးပါး Auto-Rotate ဖွင့်ထားမယ်ဆိုရင်တော့ ဖုန်းအားကို ပိုပြီး လျင်လျင်မြန်မြန် ကုန်သွားစေတတ်ပါတယ်။
ဒါကြောင့် Auto-Rotate အသုံးမပြုတဲ့ အချိန်တွေမှာ သတိထားပြီး ပိတ်ပေးဖို့ အကြံပြုချင်ပါတယ်။
(၂) အမဲရောင် Wallpaper ထားပါ
ဖုန်း ဘက်ထရီ ကို ချွေတာပြီး တစ်နေ့တာလုံး အားခံချင်တယ်ဆိုရင်တော့ မိတ်ဆွေတို့ရဲ့ ဖုန်း Home Screen မှာ အရောင်တောက်တဲ့ Wallpaper တွေနဲ့ လှုပ်ရှားနေတဲ့ Live Wallpaper တွေအစား အမဲရောင် Wallpaper တွေကို ထားပေးရမှာ ဖြစ်ပါတယ်။
Dark Wallpaper တွေက ဖုန်းရဲ့ အလင်းအားကို လျော့ချပေးပြီး ဘက်ထရီ ကြာရှည်ခံစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။
(၃) Brightness လျော့သုံးပါ
ဖုန်းတစ်လုံးမှာ Screen Display ဟာ ဘက်ထရီ အကုန်မြန်စေတဲ့ အပိုင်းတစ်ခု ဖြစ်ပါတယ်။ အများစုကတော့ ဖုန်းသုံးတဲ့ အခါ Brightness ကို အဆုံးထိ တင်ပြီး သုံးလေ့ရှိကြတာပါ။
တကယ်တော့ ဖုန်းရဲ့ အလင်းအားကို ဂိတ်ဆုံးတင်ပြီး သုံးတာဟာ ကွီးတို့ရဲ့ ဖုန်း ဘက်ထရီကို
မလိုအပ်ပဲ မြန်မြန်ကုန်သွားစေနိုင်တာကြောင့် Brightness လျော့သုံးဖို့ လိုပါတယ်။
(၄) Wifi နဲ့ Bluetooth တွေ မလိုအပ်ရင် ပိတ်ထားပါ
Wifi နဲ့ Bluetooth တွေ အမြဲတမ်းတောက်လျောက်ကြီး ဖွင့်ထားတာကလည်း ဖုန်းအားအကုန်မြန်စေတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် Wifi နဲ့ Bluetooth တွေ အသုံးမပြုတဲ့အချိန်မှာ ပိတ်ထားပေးဖို့ ပြောချင်ပါတယ်။
(၅) Background App တွေရှင်းပါ
ဖုန်းသုံးသူအများစုက App တွေ တစ်ခုပြီးတစ်ခု အသုံးပြုကြပေမယ့် မသုံးဖြစ်တော့တဲ့ App တွေကို ပိတ်ဖို့တော့ မေ့နေတက်ကြပါတယ်။
Background မှာ ကိုယ်အသုံးမပြုတဲ့ App တွေ Run နေမယ်ဆိုရင် ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းကို နှေးကွေးသွားစေသလို ဘက်ထရီကိုလည်း များများပို ကုန်စေပါတယ်။
ဒါကြောင့် မိတ်ဆွေတို့ မသုံးဖြစ်တော့တဲ့ Background App တွေကို ရှင်းပေးပါ။