တစ်ခါတစ်ရံမှာ စိတ်ကူးမယဉ်မိလောက်အောင် ထူးဆန်းတဲ့ အဖြစ်အပျက်မျိုးတွေရှိနေတတ်ပါတယ်။ တစ်ချို့အဖြစ်အပျက်တွေက ရိုးရိုးလေးနဲ့ ဆန်းနေတာမျိုးလည်းရှိတတ်ပါတယ်။
အခုတစ်ခါမှာလည်း မလေးရှားနိုင်ငံမှာ အိမ်အတွင်းသို့ ဖောက်ထွန်းဝိဇ္ဇာတစ်ဦး ဝင်ရောက်ဖောက်ထွန်းခဲ့ပါတယ်။ ကျွန်းကျင်တဲ့သူတစ်ဦးဖြစ်တဲ့အတွက် အိမ်ထဲသို့ လွယ်ကူစွာဝင်လို့ရခဲ့ပါတယ်။
ဒါပေမယ့် ဖောက်ထွန်းဝိဇ္ဇာဂာ အိမ်ထဲက အရက်ပုလင်းကိုမြင်ပြီး သောက်ချင်စိတ်ကို မထိန်းချုပ်နိုင်ဖြစ်ခဲ့ပါတယ်။
အရက်ပုလင်းကို ယူမသွားတော့ပဲ အိမ်ထဲထင်ထိုက်သောက်လိုက်တာ မူးပြီးအိပ်ပျော်သွားတဲ့အထိပါပဲ။ အိမ်ရှင်တွေပြန်လာတော့ လက်ပူးလက်ကြပ်မိပြီး ရဲကိုခေါ်ဖမ်းခိုင်းတာတောင် တော်တော်နှိုးယူလိုက်ရပါတယ်တဲ့။
ပရိတ်သတ်ကြီးထဲမှာရော ပုလင်းမြင်တာနဲ့ မနေနိုင်တဲ့ ဘော်ဒါတွေရှိရင် ခေါ်ပြီး သတိပေးလိုက်ကြပါဦးနော်။