တော့တင်ဟမ်ဟော့စပါးအသင်းသာ ယခုရာသီကုန်မှာ ပရီးမီးယားလိဂ် ထိပ်ဆုံးလေးသင်းပြင်ပမှာသာ ရပ်တည်ခဲ့ရင် ဒီနွေရာသီမှာ ဟယ်ရီကိန်းကို ခေါ်ယူနိုင်လိမ့်မယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းက ယုံကြည်နေပါတယ်။
မန်ယူအသင်းရဲ့ အကြီးအကဲတွေဟာ စပါးအသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် နဲ့ လွဲချော်ခဲ့ရင် ဟယ်ရီကိန်းး အတွက် အလိုရှိနေတဲ့ ခေါ်စျေး ပေါင်သန်း(၁၀၀) ထက်စျေးလျှော့မယ်လို့ ယုံကြည်နေပါတယ်။
ယူနိုက်တက်အသင်းဟာ ကိန်း၏စခန်းအား ပြင်ပအဖွဲ့အစည်းတစ်ခုမှတစ်ဆင့် ဆက်သွယ်ခဲ့ပြီး တုံ့ပြန်မှုဖြင့် အားပေးခဲ့သည်။
ကိန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လက အသက် 30 ပြည့်ခဲ့ပြီး စပါးအသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံးသူဖြစ်လာရန် ၎င်းရဲ့ ရည်မှန်းချက်ပြည့်မြောက်ခဲ့ပါတယ်။
ယူနိုက်တက် ဟာ တနင်္ဂနွေနေ့က အန်းဖီးလ် မှာ 7-0 နဲ့ ရူံးနိမ့်ခဲ့ပေမယ့် ကိန်းဟာ တော့တင်ဟမ် ဟော့စပါး ထက် အိုးထရက်ဖို့ဒ် မှာ ဆုဖလား တွေ ဆွတ်ခူး နိုင် ဖို့ ပိုကောင်းတဲ့ အခွင့်အရေး ရှိတယ်လို့ ယုံကြည်နေဆဲ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ကိန်းရဲ့ စပါးစ်အသင်းနဲ့ တစ်ပတ်လုပ်ခ ပေါင် ၂၀၀၀၀၀ နဲ့ သဘောတူညီမှုဟာ လာမယ့်ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး စပါးအသင်းသာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင့်ခွင့်မရပါက ကိန်းကို ခေါ်ယူဖို့ ကမ်းလှမ်းသူတွေကို လျှော့စျေးနဲ့ ညှိနှိုင်းဖို့ လက်ခံမယ့် အနေအထားမှာ ရှိနေစေခဲ့ပါတယ်။
ကိန်းက ဇန်နဝါရီမှာ စပါးအသင်းနဲ့ စာချုပ်သစ်အတွက် စကားများများစားစား မပြောခဲ့ပေမယ့် လာမယ့်လတွေမှာ တော့ စာချုပ်သစ်အတွက် နှစ်ဦးနှစ်ဖက် စကားပြောဆိုဆွေးနွေးမှုတွေရှိမှာ သေချာတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ 2021 ခုနှစ်မှာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ပျက်ကွက်ခဲ့တဲ့ မန်စီးတီးအသင်းဟာ ၎င်း ကို ထပ်မံကမ်းလှမ်းဖို့ မဖြစ်နိုင်တော့ပါဘူး ။
စီးတီးတို့ဟာ ပြီးခဲ့တဲ့ နွေရာသီက အယ်လင်းဟာလန်းကို ခေါ်ယူထားပြီး နော်ဝေကစားသမားဟာ မန်စီးတီးအတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၂၇ ဂိုးထိသွင်းယူပေးထားပါတယ်။
သရဲနီတွေဟာ လာမယ့်ရာသီမှာ ချန်ပီယံဆုအတွက် စိန်ခေါ်သူတွေဖြစ်ဖို့ ပြိုင်ဘက်တွေကို တွန်းအားပေးဖို့ နောက်ထပ် အထောင်တိုက်စစ်မှုး ပုံမှန်ဂိုးသွင်းသူ တစ်ဦး လိုအပ်နေပါတယ်။
လက်ရှိမှာ ယူနိုက်တက်မှာ ခရစ္စတီယာနို ရော်နယ်ဒိုဟာ နိုဝင်ဘာလက ထွက်ခွာသွားခဲ့ပြီး ၎င်းရဲ့ နေရာမှာအစားထိုးရန် အဌားနဲ ဝက် ဝက်စ်ဟော့စ် ကို ခေါ်ယူထားပြီး အရပ် ၆ပေ ၆ လက်မ မြင့်မားတဲ့ နယ်သာလန်တိုက်စစ်မှုးဟာ အသင်းအတွက် 14 ပွဲမှာ 1 ဂိုးသာ သွင်းယူထားနိုင်ပါတယ်။
စပါးအသင်းဟာ လက်ရှိမှာ အဆင့်လေးနေရာမှာ ရပ်တည်နေပြီး စနေနေ့က ဝုဗ်နှင့်ပွဲမှာ 1-0 နဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ပြန်လည်အားကောင်းလာတဲ့ လီဗာပူးလ်အသင်းက တစ်ပွဲလျော့ (၃) မှတ်အကွာ နဲ့ ဖိအားပေးလျက်ရှိပါတယ်။crd