Skip to content
Home » မန်ယူနိုက်တက်တို့ ဆုဖလားနဲ့ ၅ နှစ်ကြာ ဝေးကွာနေမှုကို ဒီရာသီမှာ ဇာတ်လမ်းပေးတော့ ဇာတ်ပို့မင်းသားအမည်ကို ပြောပြလာတဲ့ တိုမိနေး

မန်ယူနိုက်တက်တို့ ဆုဖလားနဲ့ ၅ နှစ်ကြာ ဝေးကွာနေမှုကို ဒီရာသီမှာ ဇာတ်လမ်းပေးတော့ ဇာတ်ပို့မင်းသားအမည်ကို ပြောပြလာတဲ့ တိုမိနေး

  • by

မက်တိုမီနေးက အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားဆုရှင် လီဆန်ဒရိုမာတီနက်ဇ်ရဲ့ စိတ်ဓာတ်ပြင်းထန်မှုဟာ မန်ယူနိုက်တက်တို့ ဆုဖလားနဲ့ ၅ နှစ်ကြာ ဝေးကွာနေမှုကို ဒီရာသီမှာ အဆုံးသတ်နိုင်အောင် ကူညီပေးနိုင်လိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ နွေရာသီက အိုင်ယက်ကနေ မန်ယူနိုက်တက်ကို ပြောင်းရွေ့လာခဲ့သူ ဖြစ်ပြီး အစောပိုင်းမှာ အနည်းငယ် ရုန်းကန် နေခဲ့ရပေမယ့်လည်း အာဂျင်တီးနား နောက်ခံလူဟာ နောက်ပိုင်းမှာတော့ အဲရစ်တန်းဟတ်ရဲ့ အသင်းအတွက် အဓိက အစိတ်အပိုင်း အဖြစ် ခြေစွမ်းပြ ကစားခဲ့ပြီး မန်ယူနိုက်တက်ကို အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာ ပို့ဆောင်ပေးထားပါတယ်။

မာတီနက်ဇ်ဟာ ကာတာကမ္ဘာ့ဖလားမှာ အာဂျင်တီးနား အတွက် ၅ ပွဲ ကစားခွင့် ရရှိခဲ့ပြီး ၂ ပွဲက ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။ အာဂျင်တီးနားဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရရှိခဲ့ပြီး လီယွန်နယ်မက်ဆီ ကလည်း ဒီပြိုင်ပွဲ တစ်လျှောက် အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသခဲ့ကာ အာဂျင်တီးနားကို တတိယ အကြိမ်မြောက် ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်လာအောင် ကူညီပေးခဲ့ပါတယ်။ ယနေ့ည ဘန်လေနဲ့ ကစားသွားရမယ့် ကာရာဘောင်ဖလား ပွဲစဉ်မတိုင်မီ မက်တိုမီနေးက သရဲနီ တို့အနေနဲ့ ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ အတွက် winning mentality ကို သွပ်သွင်းသွားဖို့ လိုအပ်တယ်လို့ ပြောသွားခဲ့ပါတယ်။

မက်တိုမီနေးက “အောင်မြင်မှုဆိုတာ ဆုဖလားတွေကို ဆွတ်ခူးနိုင်တာပဲ အမြဲတမ်း ဖြစ်နေမှာပါ။ ဒါဟာ ဘောလုံးကလပ် တစ်ခု အတွက် အရေးကြီးဆုံး အရာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လက်ရှိ အချိန်မှာ အရည်အသွေးမြင့် မန်နေဂျာ တစ်ဦးကို ပိုင်ဆိုင်ထားခဲ့တာကြောင့် ဒီခရီးလမ်းကို စတင်သွားဖို့ အတွက် တကယ်ကောင်းတဲ့ အခွင့်အရေး ရှိနေပါတယ်။ အထူးသဖြင့် ဒီနှစ်မှာပါ။ ကျွန်တော်တို့ဟာ ဒါကို အကောင်အထည်ဖော်ကာ ဆုဖလားတွေ အတွက် တိုက်ပွဲ၀င်နိုင်မယ့် အခွင့်အရေးကောင်း ရှိနေပါတယ်။

ကျွန်တော်တို့ ဆုဖလားတွေ အတွက် တိုက်ပွဲ၀င်နိုင်တယ်လို့ ဒီနှစ်မှာ ခံစားမိနေပါတယ်။ နည်းပြတွေကကော အသင်းသားတွေကကော ဒီလိုလုပ်နိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။ ဟိုတနေ့က ကျွန်တော် လီဆန်ဒရိုမာတီနက်ဇ်ကို ဂုဏ်ပြုမက်ဆေ့ခ်ျ ပေးပို့ခဲ့ပါတယ်။ သူဟာ ‘ငါတို့ နောက်ဖလားတစ်လုံး အတွက် တိုက်ပွဲ၀င်ကြတာပေါ့’ လို့ ပြန်ပြောခဲ့ပါတယ်။ သူဟာ ကမ္ဘာ့ဖလားကို ဆွတ်ခူးထားခဲ့သူပါ။ ဒါကို ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ အုပ်စုအတွင်းက mentality ကို မြင်တွေ့နိုင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

မာတီနက်ဇ်ဟာ ဒီရာသီမှာ ယူနိုက်တက် အတွက် အကောင်းဆုံး လုပ်ပြထားခဲ့တဲ့ တစ်ဦးတည်းသော အာဂျင်တီးနားသား မဟုတ်ဘဲ လူငယ်ကြယ်ပွင့် ဂနာချို ကလည်း ပထမအသင်းကြီးမှာ နေရာ ရလာခဲ့ပြီးနောက် ကလပ်အတွက် ခြေစွမ်းပြလျက် ရှိနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ဖူဟမ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂါနာချိုဟာ နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပြီး မက်တိုမီနေးက အသက် ၁၈ နှစ်အရွယ် တောင်ပံကစားသမားဟာ အကန့်အသတ် မရှိ တိုးတက်လာမယ့်သူ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

မက်တိုမီနေးက “သူဟာ တကယ်တော်တဲ့ ဘောလုံးသမားပါ။ အကယ်၍ သူသာ အောက်ခြေမလွတ်ဘဲနဲ့ ဆက်လက် သင်ယူကာ ကြိုးစားသွားမယ်ဆိုရင် သူဟာ ဘောလုံးလောကမှာ သူ အလိုရှိတဲ့အတိုင်း ဖြစ်လာအောင် လုပ်နိုင်မှာပါ။ သူဟာ ပါရမီရှိတဲ့ ကစားသမား ဖြစ်ပြီး ကျွန်တော်တို့ အနေနဲ့ သူ့ကို ဆက်လက် အလုပ်ကြိုးစားသွားအောင် အရမ်းကို အောင်မြင်စိတ် ပြင်းထန်အောင် လုပ်ပေးသွားရမှာပါ။”

Leave a Reply

Your email address will not be published. Required fields are marked *