Skip to content
Home » ရိုင်နီယာရဲ့ အားနည်းချက်သိရှိသွားတာကြောင့် အနိုင်ယူဖို့ပြင်ဆင်နေပြီလို့ ဆိုလိုက်တဲ့ အောင်လအန်ဆန်း

ရိုင်နီယာရဲ့ အားနည်းချက်သိရှိသွားတာကြောင့် အနိုင်ယူဖို့ပြင်ဆင်နေပြီလို့ ဆိုလိုက်တဲ့ အောင်လအန်ဆန်း

  • by

ပြီးခဲ့တဲ့ ONE on Prime Video 5 ပြိုင်ပွဲမှာတော့ ပရိသတ်အားလုံးမျှော်လင့်တကြီး စောင့်စားခဲ့ကြတဲ့ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်လုပွဲကြီးကတော့ ရသပေါင်းစုံပေးစွမ်းနိုင်ခဲ့ပြီး ချန်ပီယံသစ်အသစ်တစ်ဦးထပ်မံပေါ်ထွက်လာခဲ့သလို စံချိန်မှတ်တမ်းကောင်းတွေလည်း ပေါ်ထွက်လာခဲ့ကြပါတယ်။

ယင်းလိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်လုပွဲမှာတော့ ရှုံးပွဲလုံးဝမရှိကြသေးတဲ့ နှစ်ထပ်ကွမ်းချန်ပီယံကြီး ရိုင်နီယာ ဒီရိုက်ဒါနှင့် ရုရှားဖိုက်တာအနာတိုလီ မာလီခင်တို့ ထိပ်တိုက်ရင်ဆိုင်ထိုးသတ်ခဲ့ကြပါတယ်။

အနာတိုလီမာလီခင်ဟာ ရိုင်နီယာကို အံဩလောက်စရာ စွမ်းဆောင်ရည်မျိုးဖြင့် အနိုင်ယူပြနိုင်ခဲ့ပြီးနောက် မစ်ဒယ်ဝိတ်တန်းမှာ ရိုင်နီယာကို ဘယ်လိုမျိူးအနိုင်ယူရမလဲဆိုတာ စဉ်းစားနေကြတဲ့ ဖိုက်တာတွေအတွက် အခွင့်အလမ်းတွေ ပေါ်ပေါက်သွားခဲ့ပြီ ဖြစ်သည်။

ရိုင်နီယာကို ဘယ်လိုမျိုးအနိုင်ယူရမလဲဆိုတာ အဖြေရှာနေကြတဲ့အထဲမှာ ကျွန်တော်တို့ရဲ့အချစ်တော် နှစ်ထပ်ကွမ်းချန်ပီယံဟောင်း အောင်လအန်ဆန်းလဲပါဝင်နေပါတယ်။

အောင်လဟာ သူ့ရဲ့ချန်ပီယံခါးပတ်နှစ်ခုစလုံးကို ရိုင်နီယာဆီမှာဘဲ ဆုံးရှုံးထားခဲ့ရတာကြောင့် သူ့ကိုပြန်လည်အနိုင်ယူနိုင်ဖို့ အချိန်ပြည့်ကြိုးစားနေသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အင်တာဗျူးမှာတော့ အောင်လအန်ဆန်းဟာ ရိုင်နီယာရဲ့အားနည်းချက်တွေကို အားလုံးသိအောင်လုပ်ပြနိုင်ပြီး အနိုင်ယူခဲ့တဲ့ အနာတိုလီမာလီခင်ကို ချီးကျူးစကားဆိုခဲ့ပြီး ရိုင်နီယာကို အားနည်းချက်တွေကို သူသိရှိထားပြီဖြစ်ကြောင်း ပရိသတ်တွေထံ စကားဆိုခဲ့ပါသည်။

အောင်လအန်ဆန်းဟာ မကြာခင်အချိန်ကာလအတွင်းမှာ တရုတ်ဖိုက်တာ ဖန်ဝေါင်းနှင့်ထိုးသတ်ရမည်ဖြစ်ပြီး ယခုပွဲကိုအနိုင်ရရှိမည်ဆိုပါက နောက်ပွဲမှာ ၎င်းကိုယ်တိုင်ထိုးသတ်ချင်နေတဲ့ ရိုင်နီယာ ဒီရိုက်ဒါနဲ့ပြန်လည်ထိုးသတ်ခွင့်ရဖို့ သေချာသလောက်ဖြစ်နေပါတယ်။

ဒါကြောင့် အောင်လအန်ဆန်းတစ်ယောက် သူသိရှိထားတဲ့ ရိုင်နီယာရဲ့အားနည်းချက်တွေကို ပရိသတ်တွေထံဘယ်လိုမျိုး ချပြသွားမလဲ ၊ ရိုင်နီယာရဲ့ Take Down တွေကိုရော ဘယ်လိုမျိုးခုခံကာကွယ်သွားမလဲဆိုတာ ပရိသတ်တွေနှင့်အတူ ကျွန်တော်တို့အားလုံးရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ‌စောင့်ဆိုင်းလိုက်ကြရအောင်။

Leave a Reply

Your email address will not be published. Required fields are marked *