မိန်းမ ၁၂ ယောက်ယူထားပြီး သားသမီး ၁၀၂ ဦးနဲ့ မြေး ၅၆၈ ဦးအထိ ရှိလာတဲ့ ယူဂန်ဒါ လယ် သမား တစ်ဦးရဲ့ မိသားစုကြီးက တိုးပွားလာတဲ့ မိသားစုဝင်ဦးရေကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက် တယ် လို့ သိရပါတယ်။
အသက် ၆၇ နှစ်အရွယ် လယ်သမား မူဆာ ဟာရှာယာဟာ အခုအခါ ဇနီးသည် တွေ အနေနဲ့ အစားအသောက်ကုန်ကျစရိတ်၊ ငွေကြေးကုန်ကျစရိတ်ချွေတာနိုင်ဖို့ သန္ဓေတား ဆေး တွေသုံးကြဖို့ တောင်းဆိုထားပါတယ်။
“ လူနေမှုစရိတ်တိုးလာတာကြောင့် ကျွန်တော့ရဲ့ ဝင်ငွေက တစ်နှစ်တစ်နှစ် နည်းပါးလာပါတယ်။ ကျွန်တော့ရဲ့ မိသားစုကလည်း ကြီးလာပါတယ်” လို့ မူဆာ ဟာရှာယာက ဆိုပါတယ်။ “ ကျွန်တော် မိန်းမ တစ်ယောက်ပြီး တစ်ယောက်ကို လက်ထပ်တယ်။
အမျိုးသားတစ်ယောက်က ဘယ်လိုလုပ် အမျိုးသမီးတစ်ယောက်တည်းနဲ့ ကျေနပ်နိုင်မှာလဲ” လို့ The Sun သတင်းသို့ ပြောပြခဲ့ပါတယ်။
မစ္စတာ မူဆာနဲ့ သူ့ မိသားစုကြီးဟာ ယူဂန်ဒါနိုင်ငံ၊ လူဆာကာမှာ နေထိုင်ကြတာဖြစ်ပြီး အဲ့ဒီမှာ ဇနီးသည်အ များအပြားယူခြင်းက တရားဝင်ဖြစ်တယ်လို့ သိရပါတယ်။ မူဆာ ဟာ သူ့ရဲ့ ဇနီးမယား တွေအားလုံးက တခြားယောကျာ်းတွေနဲ့ ခိုးယူပေါင်းသင်းခြင်းကနေ တားမြစ်နိုင်ဖို့ တစ်အိမ်တည်း မှာပဲ အတူနေစေတယ်လို့ ဆိုပါတယ်။
“ ကျွန်တော့ ဇနီးသည်တွေအားလုံးကို တစ်အိမ်တည်းမှာပဲ ထားတယ်။ အဲ့ဒါမှာ သူတို့က ဒီရွာက ယောကျာ်းသားတွေနဲ့ ဖောက်ပြန်မှာကို တားဆီးစောင့်ကြည့် လို့ရမှာပါ” လို့ ပြောပြခဲ့ပါတယ်။
မစ္စတာ မူဆာရဲ့ အသက် ၆ နှစ်ကနေ ၅၁ နှစ်ကြားရှိ သားသမီး ၃ ပုံ ၁ ပုံက သူနဲ့ အတူ ခြံထဲမှာ အတူနေထိုင်ပြီး သားအကြီးဆုံးမှာ မူဆာ ယူထားတဲ့ အငယ်ဆုံးဇနီးသည်ထက် အသက် ၂၁ နှစ် ပိုကြီးတယ်လို့ သိရပါတယ်။
“ ကျွန်မက ကလေး ၁၁ ယောက်မိခင်ပါ။ အခု ကလေးတွေ ထပ်ယူဖို့ အစီအစဉ်မရှိတော့ဘူး။ ငွေကြေးအခက်အခဲကြောင့် ကိုယ်ဝန်တားဆေးတွေ သောက်နေပါတယ်” လို့ အငယ်ဆုံးဇနီးသည် ဇူလိုင်ကာ က ပြောကြားခဲ့ပါတယ်။