၂၀၂၃ ခုနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရမည့် ရက်ထုတ်ပြန်ကြေညာ
ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲစတင်ကျင်းပမည့်ရက်အား ဒီဇင်ဘာ ၂၉ ရက်ကအသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ၂၀၂၃ ခုနှစ်၊မတ် ၈ ရက်မှ ၁၈ ရက်အထိ နံနက် ၉ နာရီမှ ၁၂ နာရီအထိကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။မတ်လ ၈ ရက်တွင် မြန်မာစာ၊ မတ် ၉ ရက်တွင် အင်္ဂလိပ်စာ၊ မတ် ၁၀ ရက်တွင်သင်္ချာ၊
မတ် ၁၃ ရက်တွင် ဓာတုဗေဒ၊ မတ် ၁၄ ရက်တွင် ရူပဗေဒ၊ မတ် ၁၅ ရက်တွင် ဇီဝဗေဒနှင့်ဘောဂဗေဒ ဘာသာရပ်များအား ဖြေဆိုရမည်ဖြစ်သည်။ထို့ပြင် မတ် ၁၆ ရက်တွင် ပထဝီဝင်၊ မတ် ၁၇ ရက်တွင် သမိုင်းနှင့်
မတ် ၁၈ ရက်တွင်စိတ်ကြိုက်မြန်မာစာတို့အားဖြေဆိုရမည်ဟုမြန်မာနိုင်ငံစာစစ်ဦးစီးဌာနကထုတ်ပြန်ခဲ့သည်။