လိုင်းပေါ်ကနေချစ်သူဖြစ်ခဲ့ပီးနောက်၊မိုင်ရာချီဝေးတဲ့ခရီးကိုနှင်ပီးချစ်သူရှိရာကို suprise လုပ်ဖို့သွားခဲ့ပေမဲ့၊ချစ်သူဆိုသူကခင်ပွန်းရှိပီးခလေးနှစ်ယောက်အမေဆိုတာကိုသိလိုက်ရတဲ့အမျိုးသားရဲ့ကြေကွဲဖွယ်ဖြစ်ရပ်
လိုင်းပေါ်ကနေတွေ့ပီးတကယ်ကိုသစ္စာရှိရှိချစ်ကြပီးအိမ်ထောင်ရေးဘဝကိုထူထောင်ခဲ့ကြသူတွေရှိသလို၊အချစ်ကိုပေါ့ပျက်ပျက်ထားတဲ့သူတွေနဲ့ဆုံတွေ့ရတဲ့သူတွေလဲရှိတတ်ကြပါတယ်။
ထို့ကြောင့်ယခုတစ်ခေါက်မှာလဲအသက်(20)အရွယ်ကောင်လေးတစ်ဦးဟာလိုင်းပေါ်ကနေ၊၎င်းထက်အသက်ကြီးတဲ့အမျိုးသမီးတစ်ဦးနဲ့တွေ့ဆုံခဲ့ပီးမေတ္တာမျှခဲ့ကြပါတယ်။
၎င်းဘက်ကချစ်သူအမျိုးသမီးကိုနှစ်နှစ်ကာကာချစ်ခဲ့တာကြောင့်၊အပြင်မှာဆုံတွေ့ဖို့ပြောတိုင်းကောင်မလေးဘက်ကငြင်းဆန်လေ့ရှိခဲ့ပါတယ်။ ထို့ကြောင့်ကောင်လေးကမိုင်ရာချီဝေးတဲ့ချစ်သူကောင်မလေးရှိရာကို suprise အဖြစ်သွားခဲ့ပါတယ်။
ထို့နောက်ကောင်မလေးရဲ့အိမ်ရှေ့အရောက်မှာတော့၊၎င်းရဲ့ချစ်သူဆိုသူဟာယောကျ်ားငုတ်တုတ်ရှိပီးခလေးနှစ်ယောက်မိခင်ဆိုတဲ့အဖြစ်မှန်ကိုသိခဲ့ပီး ကောင်မလေးရဲ့ အိမ်ရှေ့မှာ အချိန်အတန်ကြာခေါင်းငိုက်စိုက်ပီးငိုကြွေးဝမ်းနည်းခဲ့ရပါတယ်။