ဗီယက်နမ်နိုင်ငံမှ ညီအစ်မ ၆ ယောက်သည် ချောမောလှပပြီး သက်တူရွယ်တူ တစ်ဆင်တည်းတွေဖြစ်နေ၍
မသိသူများအတွက် ညီအစ်မတွေဟုမထင်ပဲ သူငယ်ချင်း အပေါင်းအသင်းတွေအဖြစ် မှားယွင်းခဲ့ကြသည်။
အစပိုင်းတွင် ဖခင်ဖြစ်သူသည် သားလေးအရမ်းလိုချင်ခဲ့ရာ တစ်ယောက်မှမပါ၍ စိတ်ပျက်အားငယ်ခဲ့သော်လည်း
သမီးလေးတွေ အရွယ်ရောက်လာသောအခါ လိမ်မာရေးခြားရှိပြီး မိဘအပေါ်လည်း ကျေးဇူးသိတတ်တာကြောင့်အကောင်းဆုံး ဆုလာဘ်ရထားသည်ဟုပင် မှတ်ယူခဲ့သည်။
သူတို့မိသားစုသည် ရပ်ကွက်ထဲတွင် ကုန်စုံဆိုင်လေးတစ်ဆိုင်ဖွင့်ထားကာ သမီးလေးတွေမှာ ချောမောပြီး ထူးချွန်ထက်မြက်သည့်အတွက် သားရှင်တော်တော်များက ချွေးမတော်ချင်နေကြသည်။
ညီအစ်မ ၆ ယောက်လုံးသည် တစ်ဦးနှင့်တစ်ဦး လေးစားမှုရှိကာ စကားများ ရန်ဖြစ်တာမျိုးလည်း မဖြစ်သည့်အပြင် အလုပ်အကိုင် အတည်တကျရှိပြီး
မိဘနှစ်ပါးအား အိမ်မှာ သက်တောင့်သက်သာနှင့် ကောင်းမွန်စွာနေစေချင်ပြီး သူတို့တဖန်ပြန်အလုပ်ကျွေးပြုမည်ဟု ဆိုခဲ့သည်။
ထို့ကြောင့် ထိုသမီးချော ၆ ယောက်ကို ရပ်ကွက်က လူငယ်များက အဆင်ပြေတဲ့တယောက်နဲ့ လက်ထပ်ပေးဖို့ မကြာခဏ လာရောက်တောင်းသောကြောင့်
ဖခင်ဖြစ်သူမှာ အခက်တွေ့နေရသည်။
သမီးများကလဲ အိမ်ထောင်မပြုချင်သေးဟု ပြောသောကြောင့် ခဏခဏငြင်းနေရခြင်းဖြစ်သည်။