Skip to content
Home » စာအရမ်းကျက်ရလို့ စိတ်ဖိစီးမှုများပြီး အိပ်ပျော်သွားရာကနေ ပြန်နိုးမလာခဲ့တော့သည့် သနားစရာကောင်လေး

စာအရမ်းကျက်ရလို့ စိတ်ဖိစီးမှုများပြီး အိပ်ပျော်သွားရာကနေ ပြန်နိုးမလာခဲ့တော့သည့် သနားစရာကောင်လေး

  • by

စာအရမ်းကျက်ရပြီး စိတ်ဖိစီးမှုများကာ အိပ်ပျော်သွားရာကနေ ပြန်မနိုးလာခဲ့တော့သည့် သနားစရာ ကောင်လေး

မိဘတိုင်းက သူတို့ရဲ့ သားသမီးလေးတွေကို ကြီးလာရင် ဒုက္ခမရောက်စေဖို့ ပညာတတ်ကြီးဖြစ်အောင် ကျောင်းထားပေးကြပြီး စာကျက်မပျင်းအောင်လည်း အမြဲလှုံ့ဆော်ပေးတတ်ကြသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံမှ အသက် ၉နှစ်အရွယ် ကောင်လေးသည် အခြားကလေးတွေလို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်မနေရပဲ မိဘနှစ်ပါးမှ စာကျက်ရန်သာ တိုက်တွန်းခဲ့သည်။

ကောင်လေးသည် ည ၁၁နာရီခွဲရှိပြီဖြစ်သော်လည်း။ ကောင်းစွာ မအိပ်စက်ရသေးပဲ ဖခင်ဖြစ်သူမှ ဘေးကနေစောင့်ကြပ်လေ့ရှိကာ စာများလုပ်ခဲ့ရသည်။

ကောင်လေးသည် နေ့စဉ်ရက်ဆက်ကြီး အိပ်ရေးပျက်တာတွေ များလာပြီးနောက် ဖခင်ဖြစ်သူအား သူအရမ်းပင်ပန်းနေလို့ တစ်မိနစ်လောက်လေး ပေးအိပ်ဖို့ တောင်းဆိုခဲ့သော်လည်း ငြင်းဆန်ခံခဲ့ရသည်။

ကောင်လေးသည် ဖခင်အလစ်မှာ စာကြည့်နေရင်း တန်းလန်းနှင့် ဘောပင်တောင် လက်ကမချနိုင်ပဲ ခုံပေါ်၌အိပ်ပျော်သွားခဲ့ရာ မိခင်ဖြစ်သူမှ တွေ့ပြီး အိပ်ရာထဲသို့ ပွေ့ချီကာ ခေါ်ဆောင်သွားခဲ့သည်။။

သို့သော်လည်း ကောင်လေးသည် အိပ်နေရင်းကနေ ဘယ်တော့မှ ပြန်မနိုးလာတော့ပဲရှိရာ ဆရာဝန်ဆီအပြေးသွားပြချိန်မှာတော့ အိပ်ရေးပျက်ရက်များပြီး စိတ်ဖိစီးမှုတွေများလွန်းသည့်အတွက် အရမ်းပင်ပန်းနွမ်းနယ်ကာ ဆုံးပါးသွားကြောင်း ဆိုခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *