Skip to content
Home » ဆွဲဆောင်မှုရှိတဲ့နှုတ်ခမ်းဖြစ်အောင် ထိုးဆေးများသုံးခဲ့ရာမှ ဓာတ်မတည့်ပဲ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသည့် မိန်းကလေး

ဆွဲဆောင်မှုရှိတဲ့နှုတ်ခမ်းဖြစ်အောင် ထိုးဆေးများသုံးခဲ့ရာမှ ဓာတ်မတည့်ပဲ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသည့် မိန်းကလေး

  • by

ဆွဲဆောင်မှုရှိတဲ့နှုတ်ခမ်းလေးကို ရချင်လို့ထိုးဆေးများဖြည့်သွင်းခဲ့ရာမှ ဓာတ်မတည့်ပဲ ရုပ်ပျက်ဆင်းပျက်သည်ထိ ဖောရောင်လာသော မိန်းကလေး

ယနေ့ခေတ်တွင် ငွေသာရှိပါက အရာရာလုပ်ဆောင်နိုင်ပြီး ခန္ဓာကိုယ် မျက်နှာအသွင်အပြင်ကအစ အခြားသူတစ်ယောက်ဖြစ်သွားသည်ထိ မမှတ်မိနိုင်အောင် ပြောင်းလဲနိုင်နေပြီဖြစ်ရာ

အချို့ကျတော့.. မှားယွင်းတဲ့ကုသမှုတွေကြောင့် နဂိုရုပ်ထက် ပိုပြီးအကျည်းတန်သွားတာတွေလည်းရှိနေသည်။

သို့ဖြစ်၍ ဘရာဇီးလ်နိုင်ငံမြောက်ပိုင်းတွင် နေထိုင်သော အသက်၂၀အရွယ် မိန်းကလေးတစ်ဦးသည် လူငယ်တို့သဘာဝ သူများတွေထက်ထူးခြားလှပနေအောင် ..နှုတ်ခမ်းကို ဆေးရည်များဖြည့်သွင်းမှု ပြုလုပ်ခဲ့သည်။

မိန်းကလေးသည် စိတ်ကူးထဲတွင် နှုတ်ခမ်းဖူးဖူးလေးရချင်သော်လည်း လက်တွေ့မှာဆေးရည်ဖြည့်သွင်းပြီးနောက် ဓာတ်မတည့်မှုတို့ကြောင့် နှုတ်ခမ်းတစ်ခုလုံး ရောင်ရမ်းလာကာ အလွန်နာကျင်သည့်ဝေဒနာကိုလည်း ခံစားခဲ့ရသည်။

မိန်းကလေးသည် လှချင်လွန်း၍သာ သူမနှုတ်ခမ်းအား ထိုးဆေးသွင်းခဲ့ပေမယ့် နှုတ်ခမ်းက ဖူးရောင်နေကာ နာကျင်လွန်းတာကြောင့် အလွန်နောင်တရမိပြီး ..အခြားနှုတ်ခမ်းဆေးသွင်းဖို့စိတ်ဝင်စားသူများအား ဆင်ခြင်နိုင်ရန် အသိပေးမျှဝေခဲ့သည်။

Credit Rain (For Ialinks)

Leave a Reply

Your email address will not be published. Required fields are marked *