Skip to content
Home » သမီးလေးမှ မိခင်ဖြစ်သူကို မမြင်တာနဲ့ အရမ်းငိုလွန်းတာကြောင့် မိခင်နှင့်ပုံစံတူ အမျိုးသမီးလို ဝတ်စားပြီး ချော့နေခဲ့သော ဖခင်တစ်ဦး

သမီးလေးမှ မိခင်ဖြစ်သူကို မမြင်တာနဲ့ အရမ်းငိုလွန်းတာကြောင့် မိခင်နှင့်ပုံစံတူ အမျိုးသမီးလို ဝတ်စားပြီး ချော့နေခဲ့သော ဖခင်တစ်ဦး

  • by

သမီးလေးမှ မိခင်ဖြစ်သူကို မမြင်တာနဲ့ အရမ်းငိုလွန်းတာကြောင့် မိခင်နှင့်ပုံစံတူ အမျိုးသမီးလို ဝတ်စားပြီး ချော့နေခဲ့သော ဖခင်တစ်ဦး

ကလေးငယ်များသည် မိခင်ဖြစ်သူနဲ့သာ အနေများပြီး အခြားသူလက်ထဲတွင် မနေချင်ကြတော့ပဲ မိခင်ဖြစ်သူကို မမြင်တော့တာနဲ့ ထိန်းမရအောင် တန်းပြီး ငိုချကြတော့သည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် နေထိုင်သော ဖခင်တစ်ဦးသည် တစ်နှစ်အရွယ် သမီးလေးတစ်ယောက်ရှိရာ ဇနီးသည် အလုပ်ကိစ္စနဲ့ အပြင်သွားနေချိန်တွင် သမီးလေးကို ထိန်းဖို့ အိမ်မှာ ကျန်ရစ်ခဲ့သည်။

သမီးလေးသည် မိခင်ဖြစ်သူ အပြင်ထွက်သွားတာကို မြင်ပြီး သူ့အားမခေါ်သွားလို့ဆိုပြီး အသံကျယ်စွာ အော်ငိုနေခဲ့ပြီး ဖခင်ဖြစ်သူမှ ပွေ့ချီကာ အငိုတိတ်အောင် နည်းလမ်းမျိုးစုံနဲ့ ချော့မြူခဲ့သော်လည်း မရခဲ့ပေ။

ထိုစဉ် ဖခင်ဖြစ်သူသည် သမီးလေးအငိုတိတ်စေဖို့ ဇနီးသည်ရဲ့အလှပြင် ပစ္စည်းတွေကိုအသုံးပြုကာ မိတ်ကပ်လိမ်းခြယ်ပြီး နှုတ်ခမ်းနီလေးပါ ဆိုထားပြီး အမျိုးသမီးလို ဆံပင်တုနဲ့ အမှန်အကန် ပြင်ဆင်ခဲ့သည်။

ထိုအချိန်တွင် သမီးလေးသည် မိခင်ဖြစ်သူအထင်နဲ့ အငိုတိတ်သွားသော်လည်း ဖခင်ရဲ့အသံကိုကြားပြီးနောက် မိခင်မဟုတ်မှန်း ချက်ချင်းသိကာ ပြန်ငိုနေခဲ့၍ ဖခင်ခမျာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ သမီးလေးတစ်ယောက်နှင့် အခက်တွေ့နေတော့သည်။

Credit Hlaing (Love Feeling)

Leave a Reply

Your email address will not be published. Required fields are marked *