မိမိချစ်ရသည်ချစ်သူကောင်မလေးကိုလက်ထပ်ခွင့်တောင်းခြင်းဆိုတာဟာ အလွန်ပျော်ရွင်ပြီးကြည်နူးဖွယ်ရာကောင်းလှသည့်အခိုက်အတန့်လေးဖြစ်ပါတယ်။
သို့သော်အသုဘအခမ်းအနားမှာချစ်သူကောင်မလေးကိုလက်ထပ်ခွင့်တောင်းတယ်ဆိုတာကတော့ အတော်လေးအံ့အားသင့်ဖို့ကောင်းနေခဲ့ပါတယ်။
ထို့အပြင်ဖခင်၏နာရေးမှာဝမ်းနည်းနေရတဲ့ ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းခဲ့တာဟုကြားသိလိုက်ရလျှင်ပို၍အံ့သြနေမှာသေချာပါတယ်။
အာဖရိကနိုင်ငံမှ ဈာပနာပွဲတစ်ခုမှာတော့ကောင်မလေးဟာ ဖခင်ကိုဆုံးရှုံးလိုက်ရသည့်အတွက် ဝမ်းနည်းစွာငိုနေခဲ့ပါတယ်။
ထိုအချိန်မှာဘဲ ကောင်မလေး၏ချစ်သူကောင်လေးဟာ အရှေ့ကိုရောက်လာခဲ့ပြီးဒူးထောက်ကာလက်ထပ်ခွင့်တောင်းခံခဲ့တာဖြစ်ပါတယ်။ ကောင်မလေးကလည်းလက်ခံခဲ့တယ်ဟုသိရပါတယ်။