အဖြူထည် အဝတ်တွေ ဝါကျင့်ကျင့်ဖြစ်လာလို့ ဖြူဆွတ်ဆွတ်လေး ပြန်ဖြစ်စေချင်ရင်…..
ကျွန်ုပ်တို့မှာ အစည်းအဝေးမှာဝတ်ဖို့ နွေရာသီ မှာဝတ်ဖို့ဆိုပြီး ဝယ်ထားတဲ့အဖြူအဝတ် တွေရှိပါတယ်။ ဒါပေမယ့်၎င်းတို့က ကြာလာရင်ဝါကျင့်ကျင့်ဖြစ်လာပါတယ်။
သင်ကဖြူအောင် ဘယ်လိုပြန်လုပ်ရမလဲမသိရင်တော့ ဓာတုဗေဒတွေ အစွန်းချွတ်ဆေးတွေမပါဘဲသဘာဝအတိုင်း ဖြူစေမယ့်နည်း ကိုဖော်ပြပေးလိုက်မယ်နော်
၁။ ရှောက်ရည်ထဲမှာနှစ်တာက လှည့်ကွက်လေးတွေရှိပါတယ်
ရှောက်ရည်ကသင့်အဝတ်ကို အဖြူရောင်တောက်အောင်လုပ်ပေးနိုင်ပြီး ဓာတုအစွန်းချွတ်ဆေးတွေ သုံးရမယ့်ဒုက္ခကလဲ လွတ်စေပါတယ်။ ရှောက်ရေခွက်တဝက်နဲ့ ရေတဂါလံလောက်ကိုရောပါ ကောင်းစွာမွှေပြီး သင့်အဝတ်တွေကို တနာရီခန့်သို့မဟုတ် တညလုံးစိမ်လဲရပါတယ်။
စိမ်ပြီးလျှင်အဝတ်တွေကိုဖယ်ပြီး ကျန်တဲ့အရည်ကို အဝတ်လျှော်စက်ထဲလောင်းထည့်၍ လျှော်နေကျအတိုင်းလျှော်ပါ။
ရှောက်ရည်က သင့်အဝတ်မှာ သံချေးအစွန်းတွေကို ဖယ်ရှားဖို့လဲသုံးနိုင်ပါတယ်။ ရှောက်ရည်ကို သံချေးအစွန်းပေါ်သုတ်ပြီး ဆပ်ပြာမှုန့်နည်းနည်းတင်ပါ။ အစွန်းပေါ်ဖယ်ပြီး မိနစ် ၃ဝခန့်ထားပါ။ လျှော်နေကျအတိုင်းလျှော်ပါ။
၂။ အဝတ်လျှော်လျှင် ရှာလကာရည်အဖြူ နည်းနည်းထည့်ပါ
ရှာလကာရည်က သင့်အဝတ်တွေရဲ့အဖော်ပါပဲ။ ဝါနေတာနဲ့ချွတ်ရခက်တဲ့ အစွန်းတွေအတွက် ရှာလကာရည်က အသုံးဝင်ပါတယ်။ ရှောက်ရည်တခွက်ရဲ့ လေးပုံတပုံကို ပေါင်းခံထားတဲ့ ရှာလကာရည်ခွက်တဝက်နဲ့ ရောပြီးဖျော်၍သုံးနိုင်ပါတယ်။
သင့်အဝတ်တွေ အနံဆိုးရင်တော့ အဝတ်လျှော်စက် နောက်ဆုံးရေဆေးတဲ့ အဆင့်မှာ ရှာလကာရည်တခွက် ထည့်ပါ။
၃။ သင့်အဝတ်လျှော်စက်ထဲကိုမုန့်ဖုတ်ဆိုဒါထည့်ပါ
ဆိုဒီယမ်ကာဗွန်နိတ်လို့ခေါ်တဲ့ မုန့်ဖုတ်ဆိုဒါက ဓာတုဗေဒအရဆိုရင် အဝတ်လျှော်ဆိုဒါနဲ့တူပါတယ်။ ဒါကြောင့်မုန့်မုတ်ဆိုဒါကလဲ သဘာဝဆပ်ပြာမှုန့်ပဲမို့ သင့်အဝတ်တွေကို တောက်ပြောင်ရုံသာမက ဘဲသစ်လွင်စေမှာပါ
၎င်းက ပျော့တဲ့ပိုးသတ်ဆေးလဲဖစ်လို့ သင့်အဝတ်တွေနဲ့ အဝတ်လျှော်စက်ကို ဘက်တီးရီးယားရန်က လဲကာကွယ်ပါတယ်။