Skip to content
Home » ကားပေါ်တွင် အလွန်ကြီးမားလှသော ရွှေဝါရောင်စပါးကြီးမြွေကြီးက လိုက်ပါလာခဲ့သည့် ကြောက်မက်ဖွယ်ရာအဖြစ်အပျက်

ကားပေါ်တွင် အလွန်ကြီးမားလှသော ရွှေဝါရောင်စပါးကြီးမြွေကြီးက လိုက်ပါလာခဲ့သည့် ကြောက်မက်ဖွယ်ရာအဖြစ်အပျက်

  • by

လူသားတို့သည် တိရိစ္ဆာန်လေးတွေကို အလွန်ချစ်မြတ်နိုးကြသည်ဆိုသော်လည်း လူအတွက်အန္တရာယ်ရှိသော တိရိစ္ဆာန်လေးများကိုတော့ ကြောက်ကြပါတယ်။

ထို့အပြင် သွားတွားသတ္တဝါများကိုဆိုလျှင် လူသားတိုင်းက အလွန်ပင်ထိတ်လန့်ကြောက်လန့်နေကြတာဖြစ်ပါတယ်။

ယခုတွင်လည်း တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှ အဝေးပြေးလမ်းမပေါ်တွင် ခရီးသွားမောင်နှင်နေသော ကားတစ်စီးပေါ်သို့ ဧရာမစပါးကြီးမြွေ ရွှေဝါရောင်တစ်ကောင် ကားခေါင်မိုးပေါ်မှ လိုက်ပါလာခဲ့ပါတယ်။

ထိုအခါ အခြားကားများက အလွန်ထိတ်လန့်နေကြပြီး ကား၏အဖြစ်ကို ရိုက်ကူးရယူထားကြပါတယ်။ မြွေကြီးဟာလည်း ကား၏မောင်းနှင်နေသောအရှိန်ကြောင့် နောက်ပိုင်းတွင် လမ်းပေါ်သို့ပြုတ်ကြသွားခဲ့ပြီး အဝေးပြေးလမ်းမ၏စောင့်ရှောက်ရေးအဖွဲ့များက မြွေကိုဖမ်းဆီးခဲ့ကြတယ်ဟုသိရပါတယ်။

Credit Shoon (Cele Daily)

Leave a Reply

Your email address will not be published. Required fields are marked *