Skip to content
Home » ကရင်ပြည်နယ်က တဝန်ဖန်ရရွာလေးမှာ သဘာဝမှိုတွေ လှိုင်လှိုင်ပေါက်နေလို့ ပြည်သူတွေ ဝမ်းသာအားရ မှိုနှုတ်နေကြတဲ့ပုံရိပ်များ

ကရင်ပြည်နယ်က တဝန်ဖန်ရရွာလေးမှာ သဘာဝမှိုတွေ လှိုင်လှိုင်ပေါက်နေလို့ ပြည်သူတွေ ဝမ်းသာအားရ မှိုနှုတ်နေကြတဲ့ပုံရိပ်များ

  • by

မနေ့က လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့လာတဲ့ ပုံရိပ်တစ်ချို့ကို ပြည်သူတွေအတွက် ဖော်ပြပေးချင်ပါတယ်။ ဒီပုံတွေကတော့ ကရင်ပြည်နယ်က ရွာလေးတစ်ရွာမှာ သဘာဝမှိုတွေ ပေါပေါများများပေါက်နေလို့ ပြည်သူတွေ ပျော်ပျော်ရွှင်ရွှင် မှိုခူးနေကြတဲ့ပုံရိပ်တွေပဲ ဖြစ်ပါတယ်။

ပုံထဲမှာဆိုရင် ပြည်သူတွေက မှိုပေါက်နေတဲ့နေရာမှာ မိသားစုလိုက် မှိုလာနှုတ်နေကြတာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်၊လှိုင်းဘွဲ့က တဝန်ဖန်ရရွာမှာရှိတဲ့ ကရင်မိသားစုတွေကတော့ မှိုနှုတ်ရင်း ပျော်ရွှင်နေကြတာ ဖြစ်ပါတယ်။

မြေကြီးပေါ်မှာ အစုလိုက်အပြုံလိုက် အဖွေးသားပေါက်နေတဲ့ မှိုတွေကို အုပ်စုလိုက်ဝိုင်းဖွဲ့ပြီး နှုတ်နေကြတဲ့ ပြည်သူတွေရဲ့ပုံရိပ်တွေကလည်း တကယ့်ကို ပျော်ရွှင်စရာကောင်းနေတာ ဖြစ်ပါတယ်။ တစ်ချို့ကတော့ မှိုတွေခူးရင်း မှိုရတဲ့မျက်နှာနဲ့ ပြုံးရွှင်ရယ်မောလို့ နေတာပဲ ဖြစ်ပါတယ်။

ဒီပုံတွေကိုမျှဝေခဲ့တဲ့ ပြည်သူတစ်ဦးကတော့ သူတို့ဆီမှာ မှိုတွေထွက်လွန်းလို့ ရောင်းဖို့စျေးတောင်မရှိတော့ကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်နှစ်မှိုပြန်ထွက်အောင် တစ်ချို့ပြည်သူတွေက မှိုကိုထိုင်ပြီး မနှုတ်ကြတဲ့အကြောင်း ပြောပြထားပါသေးတယ်။

တစ်နှစ်မှသာ တစ်ခါထွက်လာတဲ့ သဘာဝမှိုတွေကတော့ ပြည်သူတွေအတွက် သဘာဝကပေးတဲ့ လက်ဆောင်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ကရင်ပြည်နယ်က တဝန်ဖန်ရွာလေးမှာ ကရင်ပြည်သူတွေ မှိုခူးနေကြတဲ့ ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *