Skip to content
Home » အအေးဒဏ်ကနေ ကာကွယ်ပေးဖို့ သူ့ရဲ့နွားတွေအတွက် ချစ်ဖို့ကောင်းတဲ့နားရွက်ဖုံးတွေ ကိုယ်တိုင် ချုပ်ပေးခဲ့တဲ့ လယ်သမား

အအေးဒဏ်ကနေ ကာကွယ်ပေးဖို့ သူ့ရဲ့နွားတွေအတွက် ချစ်ဖို့ကောင်းတဲ့နားရွက်ဖုံးတွေ ကိုယ်တိုင် ချုပ်ပေးခဲ့တဲ့ လယ်သမား

  • by

လူတွေက အခုလို ချမ်းအေးတဲ့ဆောင်းရာသီမှာ အအေးဒဏ်ကို ကာကွယ်ဖို့ မိမိတို့ရဲ့နေအိမ်မှာ လုံခြုံစွာ နေထိုင်နိုင်ပါတယ်။

သို့ပေမဲ့ အိမ်ပြင်မှာ နေရတဲ့တိရိစ္ဆာန်လေးတွေအတွက်တော့ ခက်ခဲနေပါတယ်။ လိမ္မာပါးနပ်တဲ့လယ်သမားတစ်ဦးဟာ သူ့ရဲ့နွားတွေက အေးချမ်းတဲ့ရာသီဥတုမှာ နွေးထွေးသွာနေနိုင်တာကို သေချာစေရန် နည်းလမ်းသစ်တစ်ခုကို ရှာတွေ့ခဲ့ပါတယ်။

ကနေဒါရှိ နို့ထွက်မွေးမြူရေးခြံလုပ်သားဖြစ်တဲ့ Cans Moleman ဟာ အပူချိန်အေးခဲနေတဲ့အချိန်မှာ နွားတွေနဲ့အလုပ်လုပ်နေရပါတယ်။ ကံမကောင်းစွာနဲ့ နွားတွေက အအေးမိဒဏ်ကို မခံနိုင်သလို အထူးသဖြင့် နွားသငယ်လေးတစ်ကောင်အတွက် အန္တရာယ်ရှိနေခဲ့ပါတယ်။

သို့ပေမဲ့ Cans ဟာ နွားသငယ်လေးအတွက် အအေးဒဏ်လျော့သွားစေသလို ချစ်ဖို့လည်ရကောင်းသွားစေမဲ့ နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲ့တာက သူကိုယ်တိုင် ချည်ထိုး ထိုးပေးလိုက်တဲ့ ပန်းရောင်နားရွက်ဖုံးတွေ (ear warmers)ဘဲ ဖြစ်ပါတယ်။

Ear warmers တွေက နွားသငယ်လေးရဲ့ရုပ်ရည်ကို ပိုချစ်ဖို့ကောင်းသွားစေသလို အပြင်ဘက်မှာ အအေးလွန်လာတဲ့အခါ သူ့ရဲ့နားရွက်တွေက နှင်းခဲခြင်းဒဏ်မှ ဘေးကင်းဖို့ သေချာသွားစေပါတယ်။ လတ်တလောမှာ လူအများက Cansရဲ့ နွားသငယ်ရဲ့ပုံရိပ်တွေက ချစ်ဖို့ကောင်းနေလို့ အတော့်ကို သဘောကျမဆုံးဖြစ်နေကြရပါတယ်။

လယ်သမားက နွားတွေအတွက် အအေးဒဏ်မှကာကွယ်စေဖို့ ear warmers တစ်မျိုးတည်းကိုဘဲ လုပ်ပေးခဲ့တာမဟုတ်ပါဘူး။ အေးလွန်းတဲ့ညတွေမှာလည်း နွားလေးတွေအတွက် coat အင်္ကျီတွေကိုပါ ဝတ်ထားပေးလေ့ရှိပါသေးတယ်။

၎င်း coat အင်္ကျီတွေက ear warmers တွေလောက်ချစ်ဖို့မကောင်းပေမဲ့ ၎င်းက နွားလေးတွေကို ပိုနွေးထွေးသွားစေမှာတော့ အမှန်ပါဘဲ။ ဆောင်းရာသီမှာ အပြင်ဘက်မှာဘဲ နေရတဲ့တိရိစ္ဆာန်လေးတွေအတွက် နွေးထွေးနေစေဖို့ အရေးကြီးပါတယ်။

ကံကောင်းတာက Cansရဲ့ခြံထဲကနွားလေးတွေကတော့ ဖက်ရှင်လည်းကျသလို နွေးနွေးထွေးထွေးလည်း စောင့်ရှောက်ခံထားရပါတယ်လေ။

Credit Mia (Mckzone Daily)

Leave a Reply

Your email address will not be published. Required fields are marked *