Skip to content
Home » ဆေးလိပ်ဖြတ်ပြီး ၃ နှစ်အတွင်း ငွေသိန်း (၆၀၀) ကျော် စုဆောင်းခဲ့မိခဲ့တဲ့အမျိုးသား

ဆေးလိပ်ဖြတ်ပြီး ၃ နှစ်အတွင်း ငွေသိန်း (၆၀၀) ကျော် စုဆောင်းခဲ့မိခဲ့တဲ့အမျိုးသား

  • by

Neil Ryan Lorenzo လို့ခေါ်တဲ့ အမျိုးသားက ဆေးလိပ်ဖြတ်ပြီးနောက် သူ့ရဲ့ စွဲမက်ဖွယ် ငွေစုမှုကြောင့် မကြာသေးမီက ပျံ့နှံသွားခဲ့ပါတယ်။

Neil Ryan ရဲ့အမေ အဆိုအရ သူဟာ ကြီးပြင်းလာစဉ်ကပင် အမြဲဒုက္ခပေးတတ်တဲ့ သူတစ်ယောက်ပါလို့ ပြောခဲ့ပါတယ်။ နောက်ဆုံးမှာ Neil Ryan က Saudi Arabiaရဲ့ စက်ရုံလုပ်သားအဖြစ် အလုပ်လုပ်တဲ့အခါမှာ သူ့ရဲ့ ပိုက်ဆံတွေကို ဖြုန်းတီးလာခဲ့ပါတယ်။

သူဟာ တစ်လကို (Php ၉၀၀၀၀) ဝင်ငွေရသော်လည်း သူ့ရဲ့ ဆေးလိပ်ဖိုးနဲ့ ငွေတွေဘယ်လောက်မှမကျန်တော့ပါဘူး။ Neil Ryan က သူ့ရဲ့ အကျင့်အတွက် တစ်လကို ငွေကျပ် ၈၀၀၀ ခန့် သုံးစွဲခဲ့ပါတယ်။

တစ်နေ့မှာတော့ သူက သူ့ပိုက်ဆံတွေကို သူ့အကျင့်ဆိုး ပေါ်မှာ ဖြုန်းလိုက်မှန်း သဘောပေါက်သွားတဲ့နောက် Neil Ryan ကဆေးလိတ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီအစား သူက ပိုက်ဆံတွေကို စုဆောင်းဖို့ အကြွေစေ့ဘဏ်ထဲကို သူထည့်လိုက်ပါတယ်။ သူက ချွေတာတက်တဲ့ အကျင့်ရှိလာတာနဲ့ အမျှ သူက ပိုချမ်းသာချင်ခဲ့ပါတယ်။

ဒါ့ကြောင့် သူက သူ့ရဲ့ အကြွေစေ့ဘဏ်ကို ငွေထပ်မံစုဆောင်းရန် အပိုအလုပ်အကိုင်များကို ရှာဖွေခဲ့ပါတယ်။ သူက လတ်ဆတ်တဲ့ငါးတွေကို ရောင်းချခြင်းပြီး ရလာတဲ့ပိုက်ဆံတွေကို အကြွေစေ့ဘဏ်ထဲမှာ အမြဲထည့်ထားလေ့ရှိပါတယ်။

၃ နှစ်အကြာမှာ သူနောက်ဆုံးဖြည့်နိုင်ခဲ့တဲ့ အကြွေစေ့ဘဏ်နှစ်ခုကို ဖွင့်လိုက်ပြီး စုစုပေါင်း ၇၅,၄၀၀ Riyals (မြန်မာငွေ သိန်း၆၀၀ နီးပါး) လောက် စုဆောင်းမိခဲ့တာကြောင့် သူအံ့သြသွားခဲ့ပါတယ်။ ၎င်းဟာ သူ့ရဲ့ ဆေးလိပ်ဖြတ်ပြီးကတည်းကသူ့ရဲ့အမြတ်အစွန်းများမှ သူစုဆောင်းခဲ့တဲ့ ငွေပမာဏဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *