Skip to content
Home » မကျေပွဲဖြစ်လာရင် ပွဲရလဒ်ကပြောင်းလဲသွားမှာပါလို့ ဆိုလိုက်တဲ့ ရိုင်နီယာဒီရိုက်ဒါ

မကျေပွဲဖြစ်လာရင် ပွဲရလဒ်ကပြောင်းလဲသွားမှာပါလို့ ဆိုလိုက်တဲ့ ရိုင်နီယာဒီရိုက်ဒါ

  • by

ပြီးခဲ့သည့် မတ်လ 26 ရက်နေ့ကျင်းပပြုလုပ်ခဲ့သည့် ONE Championship ရဲ့ဆယ်နှစ်ပြည့်အခမ်းအနား ‘ONE X’ ပြိုင်ပွဲတွင် ရင်ဆိုင်ထိုးသတ်ခဲ့ကြသည့် နှစ်ထပ်ကွမ်းချန်ပီယံရိုင်နီယာ ဒီရိုက်ဒါနှင့် BJJ ကမ္ဘာ့ချန်ပီယံ အန်ဒရီ ဂယ်လ်ဗာရိုတို့ရဲ့ Submission Grappling ပွဲစဉ်ဟာ သရေရလဒ်နှင့်သာ ပွဲပြီးဆုံးသွားခဲ့ပါသည်။

အဆိုပါပွဲပြီးအင်တာဗျူးတွင် ရိုင်နီယာက ဂယ်လ်ဗာရိုကို မကျေပွဲအဖြစ် MMA ခေါင်းစဉ်အောက်မှာထိုးသတ်ဖို့အတွက် စိန်ခေါ်မှုတစ်ရပ်ပြုလုပ်သွားခဲ့ပါသည်။ အလားတူလွန်ခဲ့တဲ့ရက်ပိုင်းက အင်တာဗျူးမှာ ဂယ်လ်ဗာရိုက ‘ ‘ ရိုင်နီယာရေ ငါတို့ MMA ခေါင်းစဉ်အောက်မှာ မကျေပွဲ ကစားကြရအောင်’ ‘ ဆိုပြီး စိန်ခေါ်သွားခဲ့ပါတယ်။

ဆက်လက်ပြီး ဂယ်လ်ဗာရိုက – ” ရိုင်နီယာက ပြီးခဲ့တဲ့ပွဲမှာ မရှူံးအောင်ကြိုးစားပြီး ကစားသွားခဲ့တာပါ။ ပွဲကြိုအင်တာဗျူးမှာ လေလုံးထွားခဲ့သလောက် ပွဲချိန်အတွင်းမှာတော့ ဘာတစ်ခုမှ မလုပ်ပြသွားနိုင်ခဲ့ပါဘူး။

MMA ခေါင်းစဉ်အောက်မှာ သူနဲ့ မကျေပွဲကစားချင်ပါတယ်။ ဒီတစ်ကြိမ်တော့ သူ့ကို လုံးဝလှုပ်မရအောင်ချုပ်ပြီး အနိုင်ယူပြသွားမှာပါ။” ဟု ထုတ်ဖော်ပြောကြားသွားခဲ့ပါသည်။

ရိုင်နီယာကလည်း – ” ကျွန်တော်လည်း ပြီးခဲ့ပွဲရလဒ်နဲ့ပတ်သတ်ပြီး သဘောမကျပါဘူး။ အဲ့ဒီပွဲမှာ ဂယ်လ်ဗာရိုကသာ ကျွန်တော့်ကိုရအောင်မချုပ်နိုင်တာပါ။ သူကျွန်တော့်ကျောပေါ်တတ်ပြီး ချုပ်နိုင်အောင် ကြိုးစားပေမယ့် မရပါဘူး။

MMA ခေါင်းစဉ်အောက်မှာ မကျေပွဲဖြစ်လာရင်တော့ သူကျွန်တော့်ကို ချုပ်ဖို့ပြေးလာတဲ့အချိန် ဒူးနဲ့တိုက်ပြီးသူ့ကို ပွဲသိမ်းအနိုင်ယူလိုက်မှာပါ။” ဟု ပြန်လည်တုံ့ပြန်သွားခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *