ခုတစ်ခေါက် ထိုင်းထီမှာလည်း အမြင့်ဆုံးဆု ဘတ် ၆သန်းဆု ၃စောင်ကို ရွှေမြန်မာတွေပဲ ကံထူးသွားတဲ့အတွက် ဝမ်းသာပီတိ ဖြစ်ရပါတယ်နော်..
ဆုကြီးကံထူးသွားတဲ့ မွန်တိုင်းရင်းသူအစ်မနဲ့ ထပ်တူထပ်မျှ ဝမ်သာမိပါတယ်အစ်မရေ… နောက်လည်း ရွှေမြန်မာတွေကံထူးရှင် များဖြစ်ကြပါစေနော်..
ထိုင်းရောက် မြန်မာတွေ ထီပေါက်ခဲ့ရင် လိုက်နာရန် သေချာဖတ်မှတ် လေ့လာထားကြပါ ချစ်လို့ ပြောတာမှတ်ပါ။
(၁) ထိုင်းထီ အမြင့်ဆုံးဆုကံထူးပါက မိမိနေထိုင် လုပ်ကိုင်နေသည့် အလုပ်ရုံမှ လူအများကို လုံခြုံရေး အရ အသိမပေးရန်။
(၂) မိသားစုသဖွယ် စိတ်ချအရဆုံးမိတ်ဆွေကို ရွေးချယ်ပါ။ ခရီးသွားလာတတ်ပြီး အဆက်အသွယ် ရှိသော ပရဟိတအသင်းအဖွဲ့များ၊
ကိုရဲမင်း AAC အဖွဲ့ဖုန်းများ အစရှိသော ကိုယ်ကျိုးမရှာဘဲ ငွေလွှဲပြောင်းပေးနိုင်တဲ့ စိတ်ချယုံကြည်ရပြီး လုံခြုံရေးပေးနိုင်သော အဖွဲ့အစည်းများကို အမြန်ဆက်သွယ်ပါ။
(၃) ကံထူးရှင် လက်ရှိအလုပ်လုပ်နေသော နေရာမှ ထီပေါက်တာ သေချာပြီဆိုပါက အခြားနေရာ တစ်ခုသို့ လုံခြုံရေးအရ အမြန်ဆုံး ပြောင်းရွှေ့ နေထိုင်ရန်။
(၄) မိမိနေထိုင်ခွင့် အထောက်အထားများကို စနစ်တစ်ကျစစ်ဆေးပါ။ RT.38၊ CI၊ PV၊ PJ၊ MOU အစရှိသော Passport အမျိုးအစားအလိုက် အလုပ်ပါမစ်များကို အထူးဂရုစိုက်ပြီး စစ်ဆေးပါ၊
အလုပ်ရှင်မကြာခဏပြောင်းတတ်တဲ့ လုပ်သားများ လုပ်ငန်းအခြေအနေကြောင့် မကြာခဏ ပြောင်းရွှေ့ လုပ်ကိုင်နေသူများ
ထီပေါက်ပါက ထီလက်မှတ်နောက်ကျောမှာ အမည်ရေးခြင်းများ ဖုန်းနံပါတ် ရေးခြင်းများ လက်မှတ်ထိုးခြင်းများ မပြုလုပ်မိစေရန်။
(၅) ထီပေါက်ခဲ့ပါက ရဲစခန်းကို လုံခြုံရေးအရ သွားရောက်သတင်းပို့ခြင်းများကို အထောက်အထား များ မစစ်ဆေးရသေးခင်မှာ သတင်းမပို့မိစေရန် အထူးသတိပြုပါ။
(၆) ထိုင်းထီပထမဆုကံထူးရှင် ကိုယ်တိုင်နေထိုင်ခွင့်မရှိ အထောက်အထားမရှိ ဖြစ်နေရင်လည်း စိတ်မပူ ပါနဲ့ ထီဆုငွေထုတ်ယူနိုင်သည့် နည်းလမ်းများ ရှိပြီး ထီဆုငွေအပြည့်အဝရဖို့ ကိုရဲမင်း(AAC) မှ တာဝန်ယူပါသည်။
(၇) ကံထူးရှင်ဖြစ်လို့ ဝမ်းသာအားရဖြစ်မိတယ် ဆိုပြီး ဖဘ ပေါ်တင်ခြင်း၊ လူတိုင်းကို လိုက်ပြောခြင်း အခြားသူများကို မိမိထီလက်မှတ်အား ဓါတ်ပုံပေးရိုက်ခြင်းများ လုံးဝမပြုလုပ်ရ။
ထိုင်းနိုင်ငံမှာ ထိုင်းထီပထမဆုကြီး ကံထူးရှင် (၄၀) ဦးထိ AAC အဖွဲ့မှ ထီဆုငွေများ အခမဲ့ ကူညီထုတ်ယူပေးနိုင်ခဲ့ပါပြီ။
ကိုရဲမင်း(AAC) AAC အဖွဲ့ ဦးဆောင်တည်ထောင်စီစဉ်သူ (Thailand mahachai Samutsakhon) ခေတ္တ KNU ကော်သူးလေ စီမံအုပ်ချုပ်နယ်မြေ။