ပရိတ်သတ်ကြီးရေ မကြာခင်ကမှ ပြတ်ဆဲသွားပြီဖြစ်ကြောင်း အတိအလင်းပြောလာတဲ့ လွှမ်းပိုင်တို့သတင်းကို သိကြမယ်လို့ထင်ပါတယ်။
ခုချိန်မှာ သို့လော သို့လောတွေပြောနေကြတာကတော့ အများကြီးပါပဲ။ ဒါပေမယ့် ဒီအထဲကမှ ဖြစ်နိုင်ခြေရှိပြီး အမာခံပရိတ်သတ်များကိုယ်တိုင် ပြောလာတဲ့ ပြတ်ဆဲရခြင်းအတွက် တူညီတဲ့ အကြောင်းတစ်ခုရှိနေပါတယ်။
ဒါကတော့ လွှမ်းပိုင်ဟာ သူ့ရဲ့အကောင့်မှာ Like လုပ်ထားတဲ့ တစ်ဦးတည်းသောသူကြောင့်လို့ ပြောလာကြပါတယ်။ ဒါကတော့ နော်ဖောအယ်ထားပဲဖြစ်ပါတယ်နော်။
ဘယ်လိုအကြောင်းတွေကြောင့်ပဲ ဖြစ်ပါစေ ဘယ်ချိန်လက်ထပ်ကြမလဲလို့ မျှော်လင့်နေကြတဲ့ ပရိတ်သတ်ကြီးအတွက်ကတော့ ဒါဟာ မမျှော်လင့်တဲ့သတင်းကြီးတစ်ခုပါပဲ။
အခုပြတ်ဆဲခြင်းအပေါ်မှာ ချဲ့ကားပြီးထင်မြင်ချက်တွေကို သတင်းလုပ်မရေးကြဖို့ ကာယကံရှင်တွေကိုယ်တိုင် တောင်းဆိုထားပေမယ့် ဝမ်းနည်းစွာနဲ့ပဲ ပရိတ်သတ်ကြီးကို တင်ဆက်ပေးခြင်းဖြစ်ပါတယ်။
ခုလိုအချိန်ပေးပြီး ဖတ်ရှုပေးတဲ့အတွက် ကျေးဇူအထူးတင်ရှိပါတယ်။ ပရိတ်သတ်ကြီးရဲ့အမြင်လေးတွေကိုလည်း ပြောခဲ့ကြပါဦးနော်။