Skip to content
Home » ရိုင်နီယာနဲ့ ကျွန်တော်ပြန်တွေ့ခဲ့ရင် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ ဆိုတဲ့ အောင်လအန်ဆန်း

ရိုင်နီယာနဲ့ ကျွန်တော်ပြန်တွေ့ခဲ့ရင် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ ဆိုတဲ့ အောင်လအန်ဆန်း

  • by

နယ်သာလန်ဖိုက်တာတစ်ဦးဖြစ်သည့် ရိုင်နီယာ ဒီရိုက်ဒါသည် ကျွန်တော်တို့ မြန်မာ့စပါးအုံးကြီး အောင်လအန်ဆန်းကို နှစ်ပွဲဆက်တိုက် အနိုင်ယူပြီး မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းတို့ရဲ့ ချန်ပီယံခါးပတ်များကို လွှဲပြောင်းရယူထားတာဖြစ်ပါတယ်။

ဒါကြောင့် ပရိသတ်အများစုက ချန်ပီယံဆုများကို လွှဲပြောင်းရယူထားသည့် ရိုင်နီယာနှင့် အောင်လတို့အကြားမှာ မကျေမနပ်မှုတွေရှိနေပြီး နွေးနွေးထွေးထွေးရှိမှာ မဟုတ်ဘူးဟု မှတ်ယူထားကြတာ ဖြစ်ပါတယ်။

သို့ပေမယ့် ရိုင်နီယာသည် လွန်ခဲ့သည့်ရက်ပိုင်းက Sanford MMA သို့လာရောက်ပြီး အောင်လနှင့် လေ့ကျင့်ခန်းအတူလုပ်နေသည့် Video တစ်ခုကို တင်ခဲ့တာကြောင့် ပရိသတ်တွေအကြားမှာ အံအားသင့်ခဲ့ရတာ ဖြစ်ပါတယ်။

အောင်လကတော့ အင်တာဗျူးတစ်ခုမှာ ရိုင်နီယာနဲ့ လေ့ကျင့်ဖြစ်ခဲ့တာနှင့်ပတ်သတ်၍ – ” သူတို့က မိသားစုလိုက် ခရီးထွက်လာခဲ့ကြတာပါ။ Sanford MMA ကို အလည်ပတ်သဘောမျိုး ရောက်လာခဲ့ပြီး ကျွန်တော်နဲ့ လေ့ကျင့်ခန်းဆင်းခဲ့တာပါ။ ကျွန်တော်တို့ နှစ်ဦးအကြားမှာ ဘာပြဿမှမရှိပါဘူး။”

” ကျွန်တော်တို့ စကားတွေ အကြာကြီး ပြောဖြစ်ခဲ့ကြပြီး ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေကို ဖလှယ်ခဲ့ကြပါတယ်။ ကျွန်တော်တို့က ပရိသတ်တွေကို ဖျော်‌ ဖြေပြီး ကိုယ့်ဘဝရှင်သန်မှုအတွက် ပြိုင်ပွဲဝင်နေရတဲ့ MMA ကစားသမားတွေပါဘဲ။”

” ကျွန်တော်တို့ဖိုက်တာနှစ်ဦးအကြား နောက်တစ်ကြိမ်ပြန်တွေ့ခဲ့မယ်ဆိုရင်တောင် ပွဲကောင်းတစ်ပွဲ ပြန်ကြည့်ရခွင့်ရမယ်ဆိုတာ ပြောထားရဲပါတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါသည်။

ပရိသတ်ကြီးတို့ရော အောင်လနှင့် ရိုင်နီယာ တို့ရဲ့ တတိယအကြိမ်မြောက် တွေ့ဆုံမည့်ပွဲကို ကြည့်ရှုချင်ကြပါသလား၊ အကယ်၍ တတိယအကျော့တွေ့ဆုံခဲ့မည်ဆိုရင်ရော အောင်လတစ်ယောက် ရှုံးကြွေးပြန်ဆပ်နိုင်မလားဆိုတာ ကွန်းမန့်မှာ ဝင်ရောက်ဆွေးနွေး သုံးသပ်ပေးကြပါဦးခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *