” Happy Nwe Year “ဆိုပီအော်မနေနဲ့ သမိုင်းကိုအသေအခြာလေ့လာ ရှက်တတ်ပါစေ။ မြန်မာပြည် သူ့ကျွန်ဘဝစရောက်တဲ့နေ့ဟာ ဒီဇင်ဘာ (31)ရက်နေ့ညအင်္ဂလိပ်နှစ်သစ်ကူး ဘုမသိဗမသိနဲ့အော်မနေနဲ့
“ Happy new years ´´ မလုပ်ခင် 31 December ခဏဖတ်ကြည့်ပါ နှလုံးသားမှ နာတတ်ပါစေ
စစ်ရှုံးတိုင်းပြည် ၏ ဘုရင်တစ်ပါး သူက ကျွန်ပ်တို့နိူင်ငံ၏ နောက်ဆုံး ဘုရင်မင်းမြတ် သီပေါမင်း နန်းမဆောင်အတွင်း သို့ အင်္ဂလိပ်ကုလားဖြူ စစ်ဗိုလ်ချုပ်ကြီးများ စစ်သံမှူးများ စစ်ဗိုလ်များ စစ်ဖိနပ်သံ တဒေါက်ဒေါက်ဖြင့် ဝင်ရောက်လာပါ၏။
အတွင်းဝန် အပြင်ဝန် အမတ်များက ဘေးဝဲယာ နှစ်ဖက် သို့အလိုက်တသိ နေရာပေးလိုက်တော့ ဘုရင်မင်းမြတ်၏ ရှေ့တော်မှောက် အင်္ဂလိပ်စစ်ဗိုလ်ချုပ်တွေ ရောက်ပေမဲ့ စစ်ပွဲ၏ အောင်နိူင်သူကြီးများ ပီပီ မာန်တဝင့်ဝင့် မော်ကြွားပြီး ဗိုလ်ချုပ်ပရင့်ဒါဂတ် မှ ဦးဆောင် ဝင်ရောက်ပါ၏။
အင်္ဂလိပ် စစ်ဗိုလ်ချုပ်ကာနယ်စလေဒင် ထံ မှ ” မြန်မာဘုရင် မင်းမြတ်အနေနဲ့ ယနေ့ည အိန္ဒိယနိူင်ငံ ရတနာဂီရိမြို့ သို့ကျွန်ပ်တို့မှ ပို့ဆောင်မှာဖြစ်ပါတယ် ထိုကြောင့် ဘုရင်မင်းမြတ်နှင့်အတူ လိုက်ပါမည့် မိဖုရား သားတော်သမီးတော် နှင့် အခြွေအရံ အနည်းငယ် တို့အား လိုက်ပါခွင့်ပြုသည်”
ကျွန်ပ်တို့၏ ဘုရင်မင်းမြတ် ထံမှ စစ်ရှုံးဘုရင် တစ်ပါးမို့ စကားတွေ အများကြီး ထွက်ပေါ် မလာတော့ပါ သူတို့ပြုသမျှ နုရပီပဲလေ ” မကြာမှီ အခ်ျိန်အတွင်းမှာ ဘုရင်းမင်းမြတ်နှင့် လိုက်ပါမည့်သူအားလုံး နန်းမဆောင် မှ သည် ဂေါဝိန် ဆိပ်ကမ်း သို့စတင် ထွက်ခွာရမှာ ဖြစ်ရပါတယ် ထို့မှ သူရိယ သဘောင်္ပေါ် သို့တက်ရောက်ပေးပါရန်” ဟု စကားဆုံးပါလေ၏။
နောက်ဆက်တွဲ အနေဖြင့် အင်္ဂလိပ်စစ်ဗိုလ်ချုပ်ကြီးများမှ ၎င်း တို့၏ ဗြိတိသျှ ဘုရင်မကြီး အယ်လိဇဘတ် ထံ သို့ အာရှ _အရှေ့တောင်အာရှမှ မြန်မာနိူင်ငံအား သိမ်းပိုက်ပြီးစီးကြောင်းကို အင်္ဂလိပ်နှစ်သစ်ကူးနေ့ဒီဇင်ဘာလ၃၁ရက်နေ့ညတွင် ” မြန်မာနိူင်ငံအား နှစ်သစ်ကူးလက်ဆောင် ပဏ္ဏာ ” အဖြစ်ပေးပို့ပါကြောင်း နှစ်ထောင်းအားရ ဝမ်းမြောက်စွာ ပေးပို့လိုက်ကြသည်။
ကျွန်ပ်တို့၏ နောက်ဆုံးသော ဘုရင် သီပေါမင်း ၏ နူတ်တော် မှ မိဖုရား စုဖုရား လတ် ထံ သို့ ကြေကွဲဆို့နင့် တုန်ရီစွာ “စုရေ စု အလိုလေး မောင်တော်ဘုရားတို့ရဲ့တိုင်းပြည်ကြီး ယနေ့မှစ၍ တစ်ပါးသူရဲ့အောက်မှာ ကျွန် ခံရတော့မှာပါလား အမယ် လေး”
နှစ် တစ်ရာမက ကျွန်အဖြစ် နေခဲ့ကြရ၏ မေ့ပြီလား သမိုင်း မေ့ပစ်လိုက်ကြမှာလား သမိုင်းကိုး မေ့ပစ်ရက်
သလား ထိုနေ့ ဒီဇင်ဘာ၃၁ရက်နေ့ည ဒီတော့ မြန်မာလူမျိုး ဖြစ်ပါလျှက် အော်လိုက်ကြပါအုံး ဒီဇင်ဘာ ၃၁ ရက်နေ့ည ၁၂ နာရီ ထိုးတာနဲ့ ” Happy New Year ” လို့ နှလုံးသားဖြင့် အသက်ရှင်နေသူမှန်ပါလျှင် ” နှလုံးသားဖြင့် နာတတ်ကြပါစေ”