Skip to content
Home » မက်ဆီကမ္ဘာဖလားရလို့သူထက်သွားလားဆိုတဲ့အချက်ကို ပွင့်ပွင်လင်းလင်း ပြောဆိုလာတဲ့ ရော်နယ်ဒို

မက်ဆီကမ္ဘာဖလားရလို့သူထက်သွားလားဆိုတဲ့အချက်ကို ပွင့်ပွင်လင်းလင်း ပြောဆိုလာတဲ့ ရော်နယ်ဒို

  • by

မက်ဆီရဲ့ ကမ္ဘာ့ဖလား ရရှိမှု အပြီးမှာ ဘယ်သူက သမိုင်းတလျှောက် အကောင်းဆုံးကစားသမားလဲဆိုတဲ့ ငြင်းခုန်မှုတွေ အဆုံးသတ်သွားပြီဆိုတဲ့ အပေါ်မှာ စီရော်နယ်ဒိုကတော့ သူ့ရဲ့ ထင်မြင်ချက်တွေကို ပြောပြလာခဲ့ကြပါတယ်။

မက်ဆီအတွက်တော့ ပြီးခဲ့တဲ့ ညက ပြင်သစ်အသင်းနဲ့ ကစားခဲ့ရတဲ့ ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲစဉ်မှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသသွားခဲ့ပြီးတော့ ကစားသမားဘဝတလျှောက် အကောင်းဆုံး အခိုက်အတန့်တွေကို ပိုင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနား အနေနဲ့ ပြင်သစ်ကို ပထမပိုင်းမှာ (၂-ဝ)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိထားခဲ့ပေမဲ့လည်း ဒုတိယပိုင်း ပွဲပြီးခါနီး (၁၀) မိနစ်အလိုမှာ ကိုင်လီယမ်အမ်ဘာပေရဲ့ သွင်းဂိုးတွေကို ပြန်လည် ခွင့်ပြုပေးခဲ့ရပြီးတော့ မိနစ်(၉၀) အတွင်း (၂)ဂိုးစီသရေ ကျသွားခဲ့ပါတယ်။

ဒါ့ကြောင့် အချိန်ပို မိနစ် (၃၀)အထိ ဆက်လတ် ယှဉ်ပြိုင်ကစားခဲ့ကြရာမှာလည်း အချိန်ပို ပထမပိုင်း (၁၅)မိနစ်မှာ အာဂျင်တီးနားတို့ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမဲ့လည်း အချိန်ပို ဒုတိယပိုင်းမှာ ပြင်သစ်တု့ိက ပြန်လည် ခြေပနိုင်ခဲ့တာကြောင့် (၃)ဂိုးစီသရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရတာ ဖြစ်ပါတယ်။

ပင်နယ်တီ အဆုံးအဖြတ်မှာတော့ အာဂျင်တီးနား ဂိုးသမား မာတီနက်ရဲ့ လက်စွမ်းပြမှုနဲ့အတူ (၄-၂)ဆိုတဲ့ ရလဒ်နဲ့ အာဂျင်တီးနားတို့ အနိုင်ရရှိသွားခဲ့ပြီး ကမ္ဘာ့ဖလားချန်ပီယံဆု ကြီးကို ဆွတ်ခူး ရရှိသွားခဲ့ပါတယ်။

ကမ္ဘာ့ဖလားဟာ ဆယ်စုနှစ်တစ်ခုစာလောက် ငြင်းခုန်လာကြတဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီနှစ်ဦးထဲက ဘယ်သူက တကယ့် သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားလဲဆိုတဲ့ ငြင်းခုန်မှုတွေကို အဆုံးသတ်သွားစေမယ့် အရာလို့ ပရိသတ်တွေက သက်မှတ်ထားခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့ကြောင့်ပဲ မက်ဆီတစ်ယောက် အာဂျင်တီးနားနဲ့ အတူ ကမ္ဘာ့ဖလားကြီးကို သိမ်းပိုက်နိုင်ခဲ့ချိန်မှာတော့ မက်ဆီဟာ စီရော်နယ်ဒိုကို ကျော်လွန်ပြီး သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားဖြစ်တယ်ဆိုပြီးတော့ ပရိသတ်တွေ အများစု သက်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ စီရော်နယ်ဒိုကတော့ မော်ရိုကိုကို ရှုံးနိမ့်ပြီး ကွာတားဖိုင်နယ် အဆင့်ကနေ ထွက်ခွာခဲ့ရတဲ့ ပွဲစဉ်မတိုင်မီကတည်းက ကမ္ဘာ့ဖလား ရခြင်း မရခြင်းဟာ သူတို့နှစ်ဦးကြား ဘယ်သူက ပိုသာသွားမလဲဆိုတဲ့ အရာကို ဆုံးဖြတ်ပေးသွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သတင်းထောက်တစ်ဦးကနေပြီးတော့ (၂၀၂၂) ကာတာ ကမ္ဘာ့ဖလားက ဘယ်သူက GOAT ဖြစ်လဲဆိုတဲ့ ငြင်းခုန်မှုတွေကို အဆုံးသတ်သွားစေမလားဆိုတဲ့ မေးခွန်းကိုမေးမြန်းခဲ့ရာမှာတော့ စီရော်နယ်ဒိုက အခုလိုပဲ ဖြေကြား သွားခဲ့တာ ဖြစ်ပါတယ်။

စီရော်နယ်ဒိုက ” ကျွန်တော် ဒီကမ္ဘာ့ဖလား ကို အနိုင်ရရှိခဲ့မယ်ဆိုရင်တောင်မှ အချို့လူတွေက ကျွန်တော့်ကို ပိုကြိုက်မယ်၊ အချို့လူတွေကတော့ မက်ဆီကို ပိုကြိုက်နေကြဦးမှာပါပဲ၊

ဘဝဆိုတာဒီလိုပါပဲ အချိုလူတွေက ဆံပင်ရွှေရောင် ကို ကြိုက်ကြတယ်၊ အချို့လူတွေကတော့ ဆံပင်အနက်ရောင် လေးတွေကိုပဲ ကြိုက်ကြတယ်၊ ဒီလိုမျိုးပါပဲ၊

ကျွန်တော် တစ်နှစ်ပြီးတစ်နှစ် ကျွန်တော်ဘာလုပ်နိုင်တယ်ဆိုတာကို ပြသခဲ့ပြီးပါပြီ၊ ကမ္ဘာ့ဖလားကို ကျွန်တော် ရချင်ပါတယ်၊ ကျွန်တော့်အတွက် ဒါက ရည်မှန်းချက်ကြီးပါ၊ ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ကို နောက်ထပ် ပြိုင်ပွဲတွေ ထပ်အနိုင်မရတော့ဘူးလို့ ပြောလာခဲ့ရင်တောင်၊

ကျွန်တော်ကတော့ ကျွန်တော် အနိုင်ရရှိခဲ့တာတွေ အတွက် ပျော်နေဦးမှာပါပဲ၊ သမိုင်းစာအုပ်တွေထဲမှာ အခြားသော မှတ်တမ်းတွေ ရှိပါလိမ့်မယ်၊ ဒါပေမဲ့ ကမ္ဘာ့ဖလားကို မှတ်တမ်းထဲ ထည့်နိုင်ခဲ့မယ်ဆိုရင်လည်း မဆိုးလှပါဘူး၊ ဒါက အိပ်မက်တစ်ခု ဖြစ်ပါလိမ့်မယ် ” လို့ ပြောကြား သွားခဲ့ပါတယ်။crd

Leave a Reply

Your email address will not be published. Required fields are marked *