သင့်ဖုန်းထဲပေါ်လာတာ သင်အရမ်းကံကောင်းတာပဲ ရခိုင်တွင် ပိန္နဲသီးအထဲမှ ငှက်ပျောသီးများ ထူးဆန်းစွာထွက်ပေါ်
ရခိုင်တွင် ပိန္နဲသီးအထဲမှ ငှက်ပျောသီးများ ထူးဆန်းစွာထွက်ပေါ်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်တန်းကျေးရွာအတွင်း ပိန္နဲပင်ရှိ ပိန္နဲသီးတစ်လုံးအထဲမှ ငှက်ပျောသီးများ ထူးဆန်းစွာ ထွက်ပေါ် လာသည်ဟုဆိုကာ လူများသွားရောက်ကြည့်ရှုနေကြသည်ဟု သတင်းရရှိသည်။
ကျောက်တန်းကျေးရွာရှိ ဒိုင်းနက်ရွာချေမှ ဦးထွန်းဝေ၏ အိမ်ခြံဝင်းမှ ပိန္နဲပင်ရှိ ပိန္နဲသီးတွင် ပြီးခဲ့သည့်
ဧပြီလ ၁၄ ရက်နေ့ (သင်္ကြန်ကာလအတွင်း) ငှက်ပျောသီး ၁၃ သုံးလုံးပါ ငှက်ပျောသီးတစ်ဖီးမှာ ထူးဆန်းစွာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ယင်းနေရာသို့ ရခိုင်ပြည်နယ်ရှိ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် မြောက်ဦးမြို့နယ် အပါအဝင်
တခြားမြို့နယ်အချို့တို့မှ ဆိုင်ကယ် ကားများဖြင့် တစ်နေ့ တစ်နေ့ လာရောက် ကြည့်ရှုကြသူများပြားနေကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ လူမှုကွန်ရက်စာမျက်နှာတွင်လည်း ပျံ့နှံ့လျှက်ရှိသည်။
လက်ရှိတွင် ယင်းကျေးရွာသားများက အဆိုပါ ပိန္နဲပင်အောက်၌ တရားပွဲဖြင့် အမွှေးနံ့သာများထွန်းကာ ပူဇော်ထားရှိကြောင်းလည်း သိရသည်။