ခရိုင်အဆင့်ပညာရေးတွင် ပထမဆုကိုဆွတ်ခူးရရှိခဲ့၍ ရဟတ်ယာဉ်ဖြင့်လည်ပတ်ခွင့်ကို ဂုဏ်ပြုဆုအနေနဲ့ရရှိခဲ့သော ၈တန်းကျောင်းသူလေး
စာသင်ကျောင်းတိုင်းရှိ ပညာရေးတွင် ထူးချွန်သော ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြု ဆုများ ချီးမြှင့်ကြတာ အစဉ်အလာတစ်ခုပါ။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ Ly Thi Ninh အမည်ရှိသော ၈တန်းကျောင်းသူလေးသည် ပညာရေးတွင် ထူးချွန်သူတစ်ဦးဖြစ်ပြီး အခြားသော ကျောင်းများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခရိုင်အဆင့်ထိကို သင်္ချာဘာသာရပ်တွင် ပထမဆုကို ဆွတ်ခူးရရှိခဲ့၍ ကျောင်း၏ ပထမဆုံးဂုဏ်ဆောင်သူဖြစ်ခဲ့သည်။
ထို့ကြောင့် ကျောင်းသူလေးအား Mu Cang Chai ခရိုင်ရှိ နာမည်ကြီး လှေကားထစ် စိုက်ခင်း၏ ရှုခင်းသာယာမှု အလှတရားကို ရဟတ်ယာဉ်ပေါ်ကနေ အပြည့်အဝ ကြည့်ရှုခံစားနိုင်မည့် ခရီးစဉ်ကို ဆုအဖြစ် ချီးမြှင့်ပေးခဲ့သည်။
ထိုလှေကားထစ်စိုက်ခင်းကြီးမှာ ဗီယက်နမ်နိုင်ငံ၏ ကျေးလက်ဒေသ ရှုခင်းအလှထဲက တစ်ခုအပါအဝင်ဖြစ်ပြီး ကုန်းပြင်မြင့်များနှင့်အတူ စိတ်အပန်းဖြေရာအကောင်းဆုံးနှင့် အလွန်အေးမြသောအရပ်ဒေသတစ်ခုလည်းဖြစ်သည်။
ကျောင်းသူလေးမှာ သူမ၏ ကြိုးစားသည့် လုပ်ရပ်ကြောင့် လူမှုကွန်ယက်မှာလည်း ပျံ့နှံ့ခဲ့ပြီး တော်ရုံလည်ပတ်ဖို့ မဖြစ်နိုင်သည့်အရပ်ဒေသသို့ သွားရောက်လည်ပတ်ခဲ့ရသည့်အတွက် ဝမ်းသာမဆုံးဖြစ်နေရပြီး ချီးမွမ်းမှုများစွာကိုလည်း ခံခဲ့ရသည်။