Skip to content
Home » အိုးလ် ထရပ်ဖို့ဒ် မြေမှာ လူမစုံပေမယ့် ၂ဂိုးပြတ်အနိုင်ရရှိခဲ့ပွဲစဥ်ရဲ့ အကောင်းဆုံးကစားသမား ၃ဦး။

အိုးလ် ထရပ်ဖို့ဒ် မြေမှာ လူမစုံပေမယ့် ၂ဂိုးပြတ်အနိုင်ရရှိခဲ့ပွဲစဥ်ရဲ့ အကောင်းဆုံးကစားသမား ၃ဦး။

  • by

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့နံနက်မှာပဲ ကာရာဘောင် ဖလား ပြိုင်ပွဲရဲ့ Round 4 ပွဲစဥ် အဖြစ် အိုးလ် ထရပ်ဖို့ဒ် မြေမှာ ဘန်လေ အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး လူမစုံသေးခင်မှာပဲ 2 – 0 ဆိုတဲ့ ရလဒ်ကို ရယူသွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ ဆန်ချို နဲ့ ဒါးလော့ တို့ဟာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ကြပဲ ဗဟို ခံစစ် အတွဲ ဖြစ်တဲ့ ဗာရန်း နဲ့ မာတီနက်ဇ် တို့လည်း ကမ္ဘာ့ ဖလား ဖိုင်နယ်ကြောင့် အနားယူခဲ့ရပါတယ် ။ ဒါ့ကြောင့် တန်ဟတ်ဟာ ခံစစ်မှာ ဘစ်ဆာကာ နဲ့ ကာစီမီရို တို့ကို နေရာပေးခဲ့ရပါတယ် ။

ဂိုးပေါက်အရှေ့မှာတော့ အငှားရောက်လာခဲ့တဲ့ ဂိုးသမားကြီး ဒူဗရက်ကာ က နေရာရခဲ့ပြီး သူ့ရဲ့ အရှေ့မှာ လင်ဒီလော့ဖ် နဲ့ မာလာစီယာ တို့ ပွဲထွက်ခဲ့ကြပါတယ် ။ ကွင်းလယ််မှာတော့ တော်မီနေး ၊ အဲရစ်ဆင် နဲ့ ဖရက်ဒ် တို့ ပါဝင်ခဲ့ကြပြီး တိုက်စစ်မှာ မာရှယ် ၊ ရပ်ဖို့ နဲ့ ဂါနာချို တို့ ပါဝင်ခဲ့ကြပါတယ် ။

ဒီပွဲမှာတော့ အဲရစ်ဆင်နဲ့ ရပ်ရှ်ဖို့ တို့က 27 ၊ 57 မိနစ်တွေမှာ ဂိုးသွင်းယူခဲ့ကြပြီး ဒီဂိုးကိုတော့ ဘစ်ဆာကာ နဲ့ တော်မီနေး တို့က ဖန်တီးပေးခဲ့ကြပါတယ် ။ ဘစ်ဆာကာ ပုံစံကောင်း ပြန်ပြပြီး အဲရစ်ဆင် ၊ ဘရူနို နဲ့ ရပ်ရှ်ဖို့ တို့ အစွမ််းပြခဲ့ကြတဲ့ ဒီပွဲမှ rating တွေကို ဖော်ပြပေးလိုက်ပါတယ် ။

ဒူဗရက်ကာ (4)own goal ဖြစ်ဖို့ နီးစပ်ခဲ့သေးသလို ပေးပို့မှု အချို့ဟာလည်း ညံ့ခဲ့ရပါတယ် ။ ဂိုးပေါက် တစ်လုံးသာ ကာကွယ်နိုင်ခဲ့ပြီး ကာကွယ်ပုံ လှပခဲ့ပါတယ် ။

ဘစ်ဆာကာ (7)ဝက်စ်ဟမ်း က စိတ်ဝင်စားတာနဲ့ ချက်ချင်းဆိုသလို ခြေစွမ်းကောင်း ပြသသွားနိုင်ခဲ့ပါတယ် ။ အဲရစ်ဆင် အတွက် ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး ကစားပုံ ကောင်းမွန်ခဲ့ပါတယ် ။

လင်ဒီလော့ဖ် (6)ကာစီမီရို နဲ့ တွဲကစားဖို့ ဘယ်ဖက် အခြမ်းမှာ ပွဲထွက်ခဲ့ရပြီး သက်သောင့်သက်သာ ကစားရင်း Clean Sheet ရယူပေးနိုင်ခဲ့ပါတယ် ။

ကာစီမီရို (7)ဗဟို ခံစစ်မှူး အဖြစ် ကစားရာမှာ ပုံစံကောင်း ပြသသွားနိုင်ခဲ့သလို သေသပ်တဲ့ ပေးပို့မှုတွေကိုလည်း လုပ်ပြသွားနိုင်ခဲ့ပါတယ်

မာလာစီယာ (6)အသင်းအတွက် ပြန်လည် ပွဲထွက် ကစားပေးခွင့် ရရှိခဲ့တဲ့ ပွဲမျိုးမှာ ပုံစံကောင်း ပြသသွားနိုင်ခဲ့ပေမဲ့ လူထပ်ပြီး တိုက်စစ်ဆင်ရာမှာ လိုအပ်ချက် ရှိနေခဲ့ပါတယ် ။

အဲရစ်ဆင် (7)ဘစ်ဆာကာ ရဲ့ ပေးပို့မှုကို နေရာယူ မှန်ကန်မှု + volley ကန်ချက်နဲ့ အဆုံးသတ် ပေးနိုင်ခဲ့ပါတယ် ။ ယူနိုက်တက် အတွက် ဒုတိယမြောက်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ် ။

တော်မီနေး (4)ကာစီမီရို ခံစစ်မှူး အဖြစ် ကစားခဲ့ရတဲ့ ပွဲမှာ ပွဲထွက်ခွင့် ပြန်လည် ရရှိခဲ့ပေမဲ့ ယုံကြည်စိတ်ချဖွယ် စွမ်းဆောင်ရည် မပြသနိုင်ခဲ့ပါဘူး ။ ဂိုးတော့ ဖန်တီးပေးနိုင်ခဲ့ပါတယ် ။

ဂါနာချို (5)ပွဲချိန် 8 မိနစ်မှာ အဖွင့်ဂိုး သွင်းယူနိုင်ခွင့် ပိုင်ဆိုင်ခဲ့ပေမဲ့ ကံခေခဲ့ရပါတယ် ။ အဲ့ဒီနောက် သူ့ရဲ့ ကစားပုံတွေဟာ အကောင််းဆုံး ပုံစံ မဖြစ်ခဲ့ရပါဘူး ။

ဘရူနို (7)ကလပ် အတွက် ပြန်ကစားပေးရတဲ့ ပွဲမှာလည်း ပွဲစဥ်အပေါ်် လွှမ်းမိုးပေးနိုင်ခဲ့ပါတယ် ။ ဘန်လေရဲ့ ခံစစ်ကြောင်းကို ဖြိုခွဲပြီး ဘစ်ဆာကာ အတွက် အဖွင့်ဂိုး ဖန်တီးခွင့် ရရှိစေနိုင်ခဲ့ပါတယ် ။

ရပ်ရှ်ဖို့ (7)ပထမပိုင်းမှာ ပုံစံကောင်း ပြနိုင်ဖို့ အခက်ကြုံခဲ့ပေမဲ့ ဒုတိိယပိုင်းမှာတော့ ပရိသတ်တွေ ကျေနပ်စေလောက်တဲ့ ကစားဟန်နဲ့ အတူ ဂိုးသွင်းယူနိုင်ခဲ့ပါတယ် ။

မာရှယ် (5)ဂိုးရရှိဖို့ အခွင့်အရေး ပိုင်ဆိုင်ခဲ့ပေမဲ့ ထိချက် မကောင်းခဲ့ပါဘူး ။ ပရိသတ်တွေ မျှော်လင့်ထားခဲ့ကြတဲ့ စွမ်းဆောင််ရည် ပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။

လူစားဝင် ကစားသမားများ….အန်တိုနီ (5)/အီလန်ဂါ (5)
ရှော (5)/ဖရက်ဒ် (5)/ဝီလီယံ (5)

Leave a Reply

Your email address will not be published. Required fields are marked *