Skip to content
Home » ရည်းစားဟောင်းရဲ့ မင်္ဂလာပွဲမှာ အသည်းကွဲသီချင်း အားရပါးရအော်ဆိုပြီး လှောင်ပြောင်ခဲ့တဲ့ ကောင်လေး

ရည်းစားဟောင်းရဲ့ မင်္ဂလာပွဲမှာ အသည်းကွဲသီချင်း အားရပါးရအော်ဆိုပြီး လှောင်ပြောင်ခဲ့တဲ့ ကောင်လေး

  • by

ကိုယ့်ရဲ့ Ex ကို ကိုယ့်မင်္ဂလာပွဲလာဖို့ ဖိတ်တဲ့လုပ်ရပ်မျိုးက အသစ်အဆန်းတော့ မဟုတ်ပေမဲ့လည်း အချို့သော ex တွေကိုတော့ မဖိတ်သင့်ဘူးဆိုတာကို ဒီအဖြစ်အပျက်က သတိပေးနေခဲ့တာပါ။

မကြာသေးခင်က Ex ကောင်လေးကို သူမရဲ့မင်္ဂလာပွဲသို့ ဖိတ်မိခဲ့တဲ့ ကောင်မလေးရဲ့အဖြစ်ဟာ အတော်လေးကို လူပြောများနေလျက်ရှိပါတယ်။

အကြောင်းကတော့ ကောင်လေးဟာ သူမရဲ့ မင်္ဂလာပွဲဆီသို့ ရောက်လာခဲ့ပြီး လက်ဆောင်ပေးခဲ့ပြီးနောက် သီချင်းဆိုဖို့ မိုက်ကို လှမ်းယူပြီး အသည်းကွဲသီချင်းကို အော်ဆိုနေခဲ့တာပါ။

Video ထဲမှာဆိုရင် Ex က အချစ်ဟာ ခါးသီးလွန်းကြောင်း ၊ လှည့်စားခဲ့တဲ့ သူမရဲ့အဖြစ်ကို လှောင်ပြောင်အော်ဆိုနေခဲ့လို့ သတို့သား နဲ့ သတို့သမီးနှစ်ယောက်လုံး မပြုံးပျော်နိုင်လောက်အောင် ရုပ်ပျက်နေခဲ့တာပါ။

ဒါ့အပြင် Ex က သီချင်းသီဆိုပြီးနောက် သတို့သမီးရဲ့ အနောက်မှာ ထိုင်လိုက်ပြီး အတောက်ပဆုံးပြုံးပြလိုက်ပါတယ်။ အဆိုပါအဖြစ်အပျက်ကိုကြည့်ပြီးနောက် လူအများက ရည်းစားဟောင်းကို ကိုယ့်ရဲ့ပွဲထံ မဖိတ်သင့်ကြောင်း မျိုးစုံမှတ်ချက်ပေးရေးသားခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *