Skip to content
Home » မင်္ဂလာပွဲကျင်းပနေတဲ့ ရည်းစားဟောင်းရဲ့ နေအိမ်ကို မိန်းချပြီး လျှပ်စစ်မီးဖြတ်ပစ်ခဲ့တဲ့ ကောင်လေး

မင်္ဂလာပွဲကျင်းပနေတဲ့ ရည်းစားဟောင်းရဲ့ နေအိမ်ကို မိန်းချပြီး လျှပ်စစ်မီးဖြတ်ပစ်ခဲ့တဲ့ ကောင်လေး

  • by

အချို့သောကောင်လေးတွေကတော့ ကိုယ့်ရဲ့ Ex ကောင်မလေးက အခြားသူတွေနဲ့ လက်ထပ်သွားခဲ့ရင် မဆိုင်တော့ပေမဲ့လည်း မခံစားနိုင်လောက်အောင်ဖြစ်တတ်ကြပြီး ရူးမိုက်တဲ့ လုပ်ရပ်မျိုးကိုတောင် လုပ်တတ်ကြပါတယ်။

ဒီတစ်ခေါက်မှာလည်း ဗီယက်နမ်နိုင်ငံက မင်္ဂလာပွဲကျင်းပနေတဲ့ နေအိမ်တစ်ခုကို ကောင်လေးတစ်ယောက်က မထင်မှတ်ထားတဲ့ လုပ်ရပ်မျိုး လာရောက်ပြုမှုခဲ့ပါတယ်။

အကြောင်းကတော့ ကောင်လေးဟာ မီတာဘောက်စ် ကို ဆွဲဖွင့်လိုက်ပြီးနောက် မိန်းခလုတ်ကိုဆွဲချကာ အဆိုပါ နေအိမ်တစ်ခုလုံး လျှပ်စစ်မီးမလာတော့အောင် ပြုလုပ်ပစ်ခဲ့တာပါပဲ။

ဒါ့အပြင် သူ့လုပ်ရပ်ကို အခြားသူတွေမမြင်အောင် မိန်းချပြီး အမြန်ဆုံးထွက်ပြေးသွားခဲ့တာမျိုး မြင်တွေ့ကြရမှာပါ။

အဆိုပါအမျိုးသားကိုတော့ လူအတော်အများက သတို့သမီးရဲ့ ရည်းစားဟောင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။ သတို့သမီးကို လက်စားချေခဲ့တဲ့ Ex ဆိုပြီး အဆိုပါ video ဟာ online ပေါ်မှာ အတော်လေးကို ပျံ့နှံလျက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *