သူငယ်ချင်းကိုကျောပေါ်တင်ပြီး အိမ်တစ်ဝိုက် သွားလာနေကြတဲ့ ကြောင်နဲ့လိပ်တို့ရဲ့ အံ့ဩဖွယ်ရာရင်းနှီးမှု
ဂျပန်နိုင်ငံမှ မျိုးစိတ်မတူကွဲပြားတဲ့ ကြောင်နဲ့ လိပ်ကြားရှိ တိရစ္ဆာန်တို့ရဲ့ အံ့သြဖွယ်ရာ ချစ်ကြည်ရင်းနှီးမှုကြောင့် netizen များစွာ တုန်လှုပ် အံ့အားသင့်ခဲ့ရပါတယ်။
အဆိုပါ ဗီဒီယိုကို ဂျပန်တွစ်တာအသုံးပြုသူတစ်ဦး( @nyanko_kame78 ) ကဝေမျှခဲ့တာပါ။ “Maho-chan” လို့ အမည်ပေးထားတဲ့ မိုက်မဲသောကြောင်ကလေးကို လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က မွေးစားခဲ့တာပါ။
ဗီဒီယိုထဲမှာ Maho-chan ကြောင်တစ်ကောင်ဟာ အိမ်အသစ်များနဲ့ ကောင်းမွန်စွာ လိုက်လျောညီထွေနေထိုင်နိုင်ပြီး ကမ္ဘာပေါ်ရှိ သက်ရှိတိုင်းနဲ့ ကောင်းမွန်စွာ ပေါင်းသင်းနိုင်သူလို့ မြင်တွေ့ရပါတယ်။
ကြောင်ကလေးက သူ့ရဲ့သူငယ်ချင်းလိပ်ကလေးကိုယာဉ်အဖြစ် အသုံးပြုပြီးအတူတူပျော်ပါးနေကြပါတယ်။ ရိုးရိုးနဲ့တိတ်ဆိတ်တဲ့ 3 နှစ်သားလိပ်လေးဟာ Rikuo-kun လို့ခေါ်တွင်ပြီး အစာစားခြင်းနဲ့ လမ်းလျှောက်ခြင်းကို နှစ်သက်ပါတယ်။
ဒါကြောင့် Rikuo က အိမ်တဝိုက် လမ်းလျှောက်ဖို့ Maho-chan ကို ကျောပေါ်တင်ထားရတာဟာအနည်းငယ်လေးလံနေသော်လည်း Rikuo-kun ကစိတ်ပျက်အားငယ်မှုမျိုး ဘယ်သောအခါမှ မပြပါဘူး။
ထိုချစ်စရာကောင်းတဲ့ ခင်မင်ရင်းနှီးမှုက Twitter မှာ လူသိများလာခဲ့ပြီး အဆိုပါဗီဒီယိုကို အကြိမ်ပေါင်း 35,000 ကျော် retweet လုပ်ခဲ့ပြီး Like အကြိမ်ရေ 200,000 နီးပါးအထိရှိခဲ့ပါတယ်။
အင်တာနက်အသုံးပြုသူများက ၎င်းကို အပြုံးများနဲ့ အကောင်းဆုံးဆောင်ကြဉ်းပေးနိုင်တဲ့ ဗီဒီယိုဖိုင်အဖြစ် မှတ်ယူထားကြပါတယ်။