ONE Championship ရဲ့ မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်းတွေရဲ့ ချန်ပီယံခါးပတ်တွေကို ရှုံးပွဲမရှိပိုင်ဆိုင်ထားခဲ့သည့် နယ်သာလန်သားကြီး ရိုင်နီယာ ဒီရိုက်က သူဟာ ဝယ်သာဝိတ်တန်း နဲ့ မစ်ဒယ်ဝိတ်တန်းက ချန်ပီယံဖိုက်တာတွေကို အနိုင်ယူထားနိုင်တဲ့ ချန်ပီယံတွေကိုအောင်နိုင်သူအဖြစ် သူ့ကိုသူ ကင်ပွန်းတပ်ထားပါသည်။
တစ်နှစ်တည်းမှာဘဲ ရိုင်နီယာဟာ ဘစ်ဒက်ရှ်နဲ့ အဘာဆော့ဗ်တို့ကို လှလှပပနဲ့အပိုင်ချုပ်ပြထားပြီးသည့်တိုင်အောင် အောင်လအန်ဆန်းနဲ့ထိုးသတ်ခဲ့တဲ့ ဒုတိယပွဲစဉ်မှာတော့ ဘာကြောင့် အဆုံးသတ်အောင် ချုပ်ပြနိုင်စွမ်းမရှိခဲ့တာကို ယခုလိုဘဲ ရှင်းပြလာခဲ့ပါသည်။
အဓိကအကြောင်းအရင်းက သူဟာအဲ့ဒီပွဲမတိုင်မှီ လိုက်ဟဲဗီးဝိတ်တန်းအတွက် ရည်ရွယ်ပြီးပြင်ဆင်နေခဲ့တာပါ။ ” ကျွန်တော်ကတော့ အဘာဆော့ဗ်နဲ့ထိုးမယ့် လိုက်ဟဲဗီးဝိတ်တန်းအတွက် ပြင်ဆင်နေခဲ့တာပါ။ အဘာဆော့ဗ်က ပွဲထိုးဖို့ ရက်သတ္တပတ်အလိုမှာကတည်းက ဒဏ်ရာပြဿနာကြောင့် နှုတ်ထွက်သွားခဲ့တာပါ။“
”ဒါကြောင့် ကျွန်တော်ကလည်း အနားယူဖို့အတွက် မိသားစုနဲ့အတူ အပျော်ခရီးထွက်ခဲ့တာပေါ့။ အဲ့ဒါကြောင့်ဘဲ ကျွန်တော်က လေ့ကျင့်ရေးအစီအစဉ်တွေနဲ့ လွဲချော်သွားခဲ့တာပါ။
အဲ့ဒီအချိန်မှာဘဲ အောင်လရဲ့ပြိုင်ဘက်ကလည်း နှုတ်ထွက်သွားခဲ့ပါတယ်။ ပြိုင်ပွဲကျင်းပဖို့က ၆ ရက်ဘဲ လိုတော့တဲ့အချိန်မှာ ယခုလိုဖြစ်သွားခဲ့တာကြောင့် ONE Championship က ကျွန်တော့်ကို ‘အမြန်ဆုံးလေယာဉ်နဲ့ချက်ချင်းလာခဲ့ပါ’ ဆိုပြီး မက်ဆေ့စ် ပို့ခဲ့တာလေ။
“အရိုးသားဆုံးပြောရရင် အကောင်းဆုံးအခွင့်အရေးတစ်ခုကို ကျွန်တော့်ဆီကို အချိန်တိုအတွင်းမှာရောက်ရှိလာခဲ့တာဖြစ်ပေမယ့် ကျွန်တော့်ဘက်က အဆင်သင့်ဖြစ်မနေခဲ့ပါဘူး။ ပြင်ဆင်ချိန်ကလည်း နည်းတော့ အဲ့ပွဲမှာ ကျွန်တော့်ရဲ့အကောင်းဆုံးအချိန်ကို ရောက်ရှိမနေပါဘူး။ ဒါပေမယ့် ပွဲကိုတော့ အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။
“ပြင်ဆင်ချိန်နည်းပါးနေတဲ့အချိန်မှာ ၅ ချီပြည့်အောင် ကစားနိုင်ခဲ့တဲ့ ကျွန်တော့်ရဲ့ကြံ့ခိုင်မှုပိုင်းကိုလည်း အံ့ဩမိပါတယ်။ အဲ့ပွဲမှာ ကျွန်တော်က အောင်လကို အပိုင်ချုပ်ခွင့်တွေ ရရှိခဲ့ပေမယ့် မချုပ်နိုင်ခဲ့ပါဘူး။ ဒါကလည်း ကျွန်တော့်ကို ထပ်ခါထပ်ခါကြိုးစားဖို့ စိတ်ခွန်အားကို ပေးစွမ်းခဲ့တာပါ။
အဆုံးသတ်မှာတော့ ကျွန်တော့်ဟာ အကောင်းဆုံးပုံစံမှာရှိနေခဲ့တာကြောင့် ယခုလို နှစ်ထပ်ကွမ်းချန်ပီယံ ဖြစ်လာခဲ့တာပါ။” ဟု ရိုင်နီယာက ဒုတိယကပွဲမှာ အောင်လကို အပိုင်မချုပ်နိုင်ခဲ့တဲ့ အကြောင်းအရင်းကို ဖွင့်ဟပြောကြားခဲ့ပါသည်။