‘ONE Championship’ ရဲ့ မစ်ဒယ်ဝိတ်တန်းမှာ ထိုးသတ်နေသည့် ဘရားဇီး ဖိုက်တာတစ်ဦးဖြစ်သည့် လီအန်ဒရို အန်တိုင်းဒီစ့်သည် အခွင့်အရေး တစ်ကြိမ်လောက်သာ ရရှိခဲ့ပါက အောင်လအန်ဆန်းနှင့် ထိုးသတ်ချင်ကြောင်း ပြောကြားခဲ့ပါသည်။
အောင်လနှင့် အန်တိုင်းဒီစ့်တို့သည် ပြီးခဲ့သည့်နှစ် ဂျူလိုင်လတုန်းက ရင်ဆိုင် ထိုးသတ်ခဲ့ဖူးပြီး အောင်လသည် အန်တိုင်းဒီစ့်ကို အလဲထိုးဖြင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါသည်။အန်တိုင်းဒီစ့်သည် အောင်လကို ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် ‘Stand Fight’ ပိုင်းကို သေသေချာချာ ပြင်ဆင်လာခဲ့ပြီး
အောင်လအန်ဆန်းကို ရင်ဆိုင်ရန် ကြိုးစားခဲ့သော်လည်း အောင်လ၏ လက်သီးထိုးသတ်ချက်တွေ အောက်မှာ ကျရှုံးခဲ့ရတာ ဖြစ်ပါသည်။ ဒါကြောင့် အန်တိုင်းဒီစ့်တစ်ယောက် အောင်လအန်ဆန်းနှင့် မကျေပွဲထိုးသတ်ပြီး အောင်လကို ပြန်လည် အနိုင်ယူနိုင်ဖို့အတွက် စိတ်အား ထက်သန်နေတာ ဖြစ်ပါတယ်။
အန်တိုင်းဒီစ့်သည် အောင်လအန်ဆန်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ‘ONE Championship’ က ပွဲတည်ပေးခဲ့သော်လည်း ပွဲထိုးခါနီးမှ အကြောင်းအမျိုးမျိုးကြောင့် ပွဲပျက်ခဲ့ရတာ ဖြစ်ပါသည်။
ဒါကြောင့် အန်တိုင်းဒီစ့်တစ်ယောက် ဒီတစ်ကြိမ်မှာ ‘ONE’ က ပွဲစီစဉ်ပေးပါက သူထိုးသတ်ချင်နေသည့် အောင်လနှင့် ထိုးခွင့်ရမလားဆိုတာ စောင့်မျှော် ကြည့်ရှုရမှာဘဲ ဖြစ်ပါတယ်ခင်ဗျာ။