အောင်လအန်ဆန်းဟာ အခုလ (၁၄) ရက်နေ့ One On Prime Video-6 မှာ တရုတ်ဖိုက်တာ ဖန်ရောင်နဲ့ထိုးသတ်ဖို့ပွဲတည်ထားတာဖြစ်ပါတယ်။
ဒါပေမဲ့ ပွဲစဉ်နီးမှပြိုင်ဘက်အပြောင်းအလဲဖြစ်သွားခဲ့ရပါတယ်။ ပြောင်းလဲသွားတဲ့ ဖိုက်တာသစ်ကတော့ ဘရာဇီးနိုင်ငံသား Gilberto Galvao ပဲဖြစ်ပါတယ်။
Gilberto Galvao ကအသက် ၄၀ ရှိပြီး BJJ ခါးပတ်နက်ရထားသူဖြစ်ပြီး One Championship မှာ ၄ပွဲထိုးသတ်ထားပြီး (၂)ပွဲရှုံး (၂)ပွဲနိုင်ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။
ရှုံးပွဲ (၂)ပွဲထဲမှာ (၁)ပွဲတော့ရိုင်နီယာကို ပထမအချီအစလေးမှာတင် မြေပြင်ဒူးတိုက်ချက်နဲ့ရှုံးနိမ့်ခဲ့တာပါ။ Pro Record နိုင်ပွဲ ၃၀မှာ ၁၅ပွဲက ချုပ်ကွက်နဲ့နိုင်ထားတာမို့ မြေပြင်သတ်ပုတ်တာ အားသန်တဲ့သူလို့ပြောလို့ရပါတယ်။
ဒါပေမဲ့ သူ့ရဲ့ Ground Skill က ရိုင်နီယာအဆင့်လောက်မရှိသေးပါဘူး။ ဒီပွဲဟာလည်းအောင်လရဲ့ Ground Skill ကိုစမ်းသပ်အုန်းမယ့်ပွဲပါ။ ဒီပွဲက မစ်ဒယ်ဝိတ်တန်းမှာ ထိုးသတ်မှာမဟုတ်ပဲ Catchweight (၂၁၅ပေါင်) ခေါင်းစဉ်အောက်ကနေထိုးသတ်မှာပါ။
ပရိတ်သတ်ကြီးရော အခုလို ပွဲအပြောင်းအလဲဖြစ်သွားတဲ့ အပေါ်မှာ ဘယ်လိုမြင်သလဲ အမြင်လေးတွေကို ဝင်ရောက်ဆွေးနွေးသွားပါဦးနော်။