One Championship ရဲ့နှစ်ထပ်ကွမ်းချန်ပီယံဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ ကချင်သားကြီး အောင်လအန်ဆန်းဟာ လက်ရှိအချိန်မှာတော့ သူ့ရဲ့ချန်ပီယံခါးပတ်တွေကို ဆုံးရှုံးထားခဲ့ရပြီးဖြစ်ပြီး ဖိုက်တာဘဝရဲ့အဆိုးရွားဆုံးနေ့ရက်တွေကို ကျော်ဖြတ်နေရတာ ဖြစ်ပါတယ်။
နောက်ဆုံးထိုးသတ်ထားသည့် ၄ ပွဲမှာ ၃ ပွဲထိ ရှုံးနိမ့်ခဲ့ပြီးနောက် အောင်လဟာ ကြိုးဝိုင်းနှင့် ၈ ကျော် ၉ လနီးပါးကြာအောင် ဝေးကွာနေခဲ့ရပြီး ONE Championship ဟာ ၎င်းကိုပွဲတည်ပေးနိုင်ဖို့ ဖိုက်တာရွေးချယ်ခြင်းအပိုင်းမှာ ခက်ခဲနေခဲ့ရပါတယ်။
ယခုအချိန်မှာတော့ အောင်လအန်ဆန်းဟာ ပြိုင်ဘက်သစ်ရရှိသွားပြီဖြစ်ပြီး ၎င်းကို ဂျပန်သားကြီး ယူရှင်အိုကာမီနှင့် ပွဲတည်ပေးထားပါတယ်။ အိုကာမီဟာ အသက် (၄၁) နှစ်အရွယ်ရှိပြီဖြစ်ပြီး နောက်ဆုံး ၃ နှစ်အတွင်းမှာ ၁ ပွဲမှမထိုးရသေးတာကြောင့် အောင်လအတွက် ခက်ခဲမည့်ပြိုင်ဘက်ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။
အောင်လအနေဖြင့် ယခုပွဲကိုသာ အနိုင်ရရှိသွားမည်ဆိုပါက နောက်ပွဲဟာ လပိုင်းအတွင်းမှာ ထပ်မံဖြစ်လာမှာ ဖြစ်ပါတယ်။ ချန်ပီယံခါးပတ်ကို စိန်ခေါ်နိုင်ဖို့အတွက် အောင်လဟာ မစ်ဒယ်ဝိတ်တန်းမှာ နိုင်ပွဲဆက်ရရှိမှသာ အခွင့်အရေးရရှိမှာဖြစ်တာကြောင့် သူဟာ အိုကာမီနဲ့ပွဲမှာ အစွမ်းကုန်ကြိုးစားသွားခဲ့တာ ဖြစ်ပါတယ်။
အောင်လနဲ့ ယူရှင် အိုကာမီတို့ဟာ ယခုလ ၁၉ ရက်နေ့တွင် ထိုးသတ်ခဲ့ပြီး အောင်လဟာ ပထမအချီမှာဘဲ ပြိုင်ဘက်ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့ပါတယ်။
တစ်ချိန်က ONE Championship မှာ တောက်ပခဲ့တဲ့ အောင်လအန်ဆန်းရဲ့ပုံစဲမျိုးကို ပြီးခဲ့ပွဲမှာ မြင်တွေ့ခဲ့ရတာကြောင့် အောင်လအနေဖြင့် ပြန်လည်အောင်မြင်လာမလားဆိုတာ စိတ်ဝင်စားစရာပါဘဲ။
ပရိသတ်ကြီးတို့ရော အောင်လတစ်ယောက် သူမျှော်လင့်တောင့်တနေသည့် မစ်ဒယ်ဝိတ်တန်းရဲ့ချန်ပီယံခါးပတ်ကြီးကို ပြန်လည် ပိုင်ဆိုင်ခွင့်ရရှိသွားလိမ့်မည်ဟု ထင်မြင်ကြပါသလားခင်ဗျာ။