Skip to content
Home » အောင်လနဲ့မာလီခင်တို့ တွဲဆိုင်းဖြစ်လာနိုင်ဖွယ် ရှိမရှိ

အောင်လနဲ့မာလီခင်တို့ တွဲဆိုင်းဖြစ်လာနိုင်ဖွယ် ရှိမရှိ

  • by

ပြီးခဲ့တဲ့ပြိုင်ပွဲမှာတုန်းက ထိုးသတ်ခဲ့ကြသည့် အောင်လအန်ဆန်းနှင့် ယူရှင် အိုကာမီတို့ပွဲတွင် အောင်လအန်ဆန်းသည် အနိုင်ရရှိခဲ့ကာ ချန်ပီယံအိမ်မက်ကို ဆက်မက်ဖို့ တကျော့ပြန် ပြန်လည်ရောက်ရှိလာပါတယ်။

အခြားတစ်ဖက်တွင်လည်း အနာတိုလီ မာလီခင်သည် ရိုင်နီယာ ဒိရိုက်ဒါနှင့် လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်လုပွဲထိုးသတ်ခဲ့ပြီး ချန်ပီယံသစ် ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် ပရိသတ်တွေကြားမှာ အောင်လအန်ဆန်းနှင့် အနာတိုလီ မာလီခင်တို့ရဲ့တွဲဆိုင်းဖြစ်လာနိုင်မလားဆိုတဲ့ မေးခွန်းများဟာ သို့လောသို့လော ပေါ်ပေါက်နေပါတယ်။

သို့ပေမယ့် လွန်ခဲ့သည့်ရက်ပိုင်းမှာတော့ ONE Championship ဟာ အောင်လအန်ဆန်းရဲ့နောက်ပွဲကို ကြေငြာသွားခဲ့ပြီးဖြစ်ပြီး ပြိုင်ဘက်ဖိုက်တာက တရုတ်ဖိုက်တာ ဖန်ဝေါင်းပါ။

ဒါပေမဲ့ ပွဲစဉ်နီးမှပြိုင်ဘက်အပြောင်းအလဲဖြစ်သွားခဲ့ရပါတယ်။ ပြောင်းလဲသွားတဲ့ ဖိုက်တာသစ်ကတော့ ဘရာဇီးနိုင်ငံသား Gilberto Galvao ပဲဖြစ်ပါတယ်။

အောင်လနှင့် Gilberto Galvao တို့ဟာ ဇန်နဝါရီလ 14 ရက်နေ့မှာ ရင်ဆိုင်ထိုးသတ်ရမှာဖြစ်တာကြောင့် အချိန်သိပ်မလိုတော့ပါဘူး။ လက်တလောမှာတော့ မာလီခင်ဟာ ပြိုင်ဘက်မရှိသေးဘဲ ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်လုပွဲ ထိုးသတ်ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

ဒါကြောင့် မာလီခင်ရဲ့နောက်ပွဲဟာ အာဂျန်ဘူလာနှင့် အနီးစပ်ဆုံး ဖြစ်လာနိုင်ချေရှိပါတယ်။ အောင်လအန်ဆန်းဟာ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းတွေမှာသာ ထိုးသတ်ဖူးတဲ့ဖိုက်တာတစ်ဦးဖြစ်သလို အနာတိုလီမာလီခင်ကလည်း ဟဲဗီးဝိတိတန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းတို့တွင်သာ ထိုးသတ်လေ့ရှိတဲ့ ဖိုက်တာတစ်ဦးဖြစ်ပါတယ်။

ဒါကြောင့် အောင်လအန်ဆန်းနှင့် အနာတိုလီမာလီခင်တို့ ထိပ်တိုက်တွေ့ဆုံနိုင်မည့် တစ်ခုတည်းသောပွဲကတော့ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်လုပွဲဘဲ ဖြစ်ပါတယ်။

ONE Championship အနေဖြင့် အောင်လအန်ဆန်းကို လိုက်ဟဲ‌ဗီးဝိတ်တန်းချန်ပီယံလုပွဲကို တိုက်ရိုက်ပေးအပ်သွားမည်မဟုတ်ဘဲ အောင်လအနေဖြင့် မစ်ဒယ်ဝိတ်တန်းမှာ ချန်ပီယံပြန်ဖြစ်မှ ဒီအခွင့်အရေးကို ရရှိ‌ပါလိမ့်မယ်။

ဒါကြောင့် အောင်လအတွက် အရေးအကြီးဆုံးက မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ဖြစ်ပြီး ယခုလာမည့် ဖန်ဝေါင်းနဲ့ပွဲမှာ အနိုင်ရရှိခဲ့မည်ဆိုပါက နောက်ပွဲဟာ သေချာပေါက် ခါးပတ်လုခွင့်အဆုံးအဖြတ်ပွဲမျိုး ပေါ်ပေါက်လာလိမ့်မည်ဟု မှတ်ယူရပါတယ်။

အောင်လအန်ဆန်းနဲ့ အနာတိုလီမာလိခင်တို့ရဲ့ တွဲဆိုင်းကို ကြည့်ရှုချင်နေတဲ့ ပရိသတ်တွေအနေဖြင့် ဒီတွဲဆိုင်းဖြစ်လာဖို့ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းသွားရဖွယ်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *