Skip to content
Home » လက်ရှိဂိုးသမားတွေနဲ့မရေရာမသေချာတဲ့ကိစ္စကြောင့် ခေါ်ယူဖို့ပြင်ဆင်နေတဲ့ ဂိုးသမားအသစ်အတွက် ပေါင် ၆၅သန်းထိအသုံးပြုရမယ့် မန်ယူအသင်း

လက်ရှိဂိုးသမားတွေနဲ့မရေရာမသေချာတဲ့ကိစ္စကြောင့် ခေါ်ယူဖို့ပြင်ဆင်နေတဲ့ ဂိုးသမားအသစ်အတွက် ပေါင် ၆၅သန်းထိအသုံးပြုရမယ့် မန်ယူအသင်း

  • by

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေဈေးကွက်အတွင်းမှာ ပေါ်တိုအသင်းရဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ ဂိုးသမားဖြစ်သူ ဒီယိုဂိုကော်စတာကို ခေါ်ယူသွားဖို့အတွက် ပြောင်းရွှေ့ကြေးအဖြစ် ကစားသမားရဲ့ စာချုပ်လျော်ကြေးအဖြစ် ပေါင်(၆၅)သန်းအထိ ပေးချေရနိုင်တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့်နှစ် နွေဈေးကွက်ထဲမှာ အသင်းအတွက် ဂိုးသမားတစ်ဦးကို ခေါ်ယူသွားဖို့ ရှိနေရာ အချိန်တိုလေးအတွင်းမှာပဲ ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ နံပါတ်တစ်ဂိုးသမား ဖြစ်လာခဲ့ရသူ ဒီယိုဂိုကော်စတာကို စိတ်ဝင်စားလာခဲ့ပြီး အသင်းရဲ့ အဓိက ပစ်မှတ်အဖြစ်နဲ့ပါ သတ်မှတ်လာခဲ့ပါတယ်။

အသက်(၂၃)နှစ်အရွယ်သာ ရှ်ိသေးတဲ့ ပေါ်တိုဂိုးသမား ကော်စတာဟာ ပေါ်တို လူငယ်အသင်းကနေ မွေးထုတ်ပေးလိုက်တဲ့ ဂိုးသမားတစ်ဦးဖြစ်ပြီး ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကြီး မစတင်ခင်မှာပဲ ပေါ်တိုဘက်က သူတို့ ကစားသမားကို ၂၀၂၇ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုသွားခဲ့ပါတယ်။

ဒီနှစ်ဘောလုံးရာသီ ပေါ်တိုအသင်းအတွက် ပါဝင်ကစားထားခဲ့ရတဲ့ ပြိုင်ပွဲစုံ (၁၆)ပွဲအတွင်း (၉)ပွဲအထိ cleansheets ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တဲ့ ကော်စတာကို ယူနိုက်တက်အပြင် စပါးအသင်းက ခေါ်ယူချင်နေပြီး ကစားသမားနဲ့ ကလပ်အသင်းကြား စာချုပ်သစ် ချုပ်ဆိုထားမှုပါ ထည့်သွင်းထားတဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင်(၆၅)သန်း ထည့်သွင်းထားတာကြောင့် ကော်စတာကို ခေါ်ယူချင်တဲ့ အသင်းတိုင်းအနေနဲ့ အဲ့ဒီတန်ကြေးအတိုင်း ကမ်းလှမ်းရနိုင်ပါတယ်။

ယူနိုက်တက်အသင်းဟာလည်း လက်ရှိ အသင်းရဲ့ ပင်တိုင်ဂိုးသမား ဒေးဗစ်ဒီဂီယာနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ် ဆိုပေမယ့်လည်း ကစားသမားရဲ့ မြင့်မားတဲ့ လုပ်ခလစာကို လျှော့ချသွားချင်နေတာကြောင့် ညှိနှိုင်းနေရလျက် ရှိနေပါတယ်။

လက်ရှိအသင်းမှာက ဒီဂီယာ ဒူဗရက်ကာနဲ့ တွမ်ဟီတန်တို့လို ဂိုးသမားတွေ ရှိနေပေမယ့် ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်က ဒူဗရက်ကာကို နယူးကာဆယ်ကနေ အပြီးသတ် ခေါ်ယူဖို့ မရှိသလို ဟီတန်နဲ့လည်း လမ်းခွဲဖွယ် ရှိနေတာကြောင့် အသင်းအတွက် ဂိုးသမားတစ်ဦးကို ဖြည့်တင်းနေချင်ပါတယ်

ဒါ့အပြင် နော်တင်ဟမ်ကို အငှားချထားတဲ့ ဒင်းဟန်ဒါဆန်ရဲ့ အနာဂတ်ဟာလည်း မရေမရာ ဖြစ်နေတာကြောင့် ယူနိုက်တက်ဘက်က ကော်စတာအပြင် ဂလာဘတ်ရဲ့ ဆွစ်ဇာလန် ဂိုးသမားကြီး ယန်းဆွန်းမားကိုပါ ပစ်မှတ်ထားနေပါတယ်။

crd

Leave a Reply

Your email address will not be published. Required fields are marked *