မြန်မာပရိသတ်တွေအများစုနှင့်ရင်းနှီးပြီးသားတဲ့ ဖိုက်တာတစ်ဦးဖြစ်တဲ့ မာတင်ငုယင်ဟာ သူ့ရဲ့နှစ်ထပ်ကွမ်းချန်ပီယံခါးပတ်တွေကို ဆက်တိုက်ဆုံးရှုံးခဲ့ရပြီးနောက်ပိုင်းမှာ ဝေဖန်မှုတွေများစွာဖြင့် ရင်ဆိုင်ခဲ့ရပါတယ်။
ဒါကြောင့် မာတင်ငုယင်ဟာ လေ့ကျင့်ပြင်ဆင်မှုများစွာပြုလုပ်ခဲ့ပြီး ကီရေးလ် ဂိုလိုဘက်စ်နဲ့ပွဲစဉ်မှာ နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့ပါတယ်။သို့ပေမယ့် မာတင်ငုယင်ကတော့ သူ့ရဲ့ နောက်ဆုံးပွဲမှာ ရုရှားဖိုက်တာကို အလဲထိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။
အဆိုပါပွဲမှာတော့ မာတင်ငုယင်အနေနဲ့ သူအားသာတဲ့ Striking ပိုင်းမှာတင် ပြိုင်ဘက်ဖိုက်တာကို အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ သူ့ရဲ့ပြိုင်ဖက်က အရပ်အမောင်းအားသာချက်ဖြင့် သူ့ကို ခြေတံလက်တံအသာစီးနဲ့ အကွာအဝေးထိန်းထိုးသွားတာကြောင့် မာတင်ငုယင် တိုင်ပတ်ခဲ့ရတာပါ။
အဆိုပါပွဲပြီးတဲ့ နောက်ရက်အနည်းငယ်အကြာြာမှာတော့ မာတင်ငုယင်တစ်ယောက် သူ့ရဲ့ Striking စွမ်းဆောင်ရည်တွေကို ပြန်လည်မြှင့်တင်ဖို့အတွက် Sanford MMA ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး သူ့ရဲ့ညီအစ်ကိုဖြစ်တဲ့ အောင်လအန်ဆန်းတို့နှင့်အတူ လေ့ကျင့်ခန်းဆင်းနေတာ ဖြစ်ပါတယ်။
မာတင်ငုယင်တို့ထိုးသတ်နေတဲ့ ဝိတ်တန်းတွေဟာ မြန်ဆန်မှုကို အဓိကထားယှဥ်ပြိုင်တဲ့ ဝိတ်တန်းတွေ ဖြစ်တာကြောင့် မာတင်ငုယင်အတွက် နောက်ထပ် 2 နှစ်လောက်ဘဲ ချန်ပီယံပြန်ဖြစ်ဖို့ မျှော်လင့်လို့ရမှာဖြစ်ပါတယ်။
အောင်လအန်ဆန်းတို့လိုမျိုး ဝိတ်တန်းကြီး ဖိုက်တာတွေအတွက် လက်ရှိအသက်အရွယ်က အဆင်ပြေပေမယ့် ဝိတ်တန်းငယ်တွေအတွက်ကတော့ နည်းနည်းလေးအကျပိုင်းရောက်လာပါပြီ။
ဒါကြောင့် မာတင်ငုယင်အနေနဲ့ လာမည့်နှစ်နှစ် သုံးနှစ်အတွင်းမှာ ရှိသမျှ အကုန်ရင်းပြီး ချန်ပီယံခရီးလမ်းကြောင်းကို ပြန်လည်လျှောက်လှမ်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ကိုယ်ပိုင်အမြင်အရ One Championship ရဲ့ ဖယ်သာဝိတ်တန်းမှာ လက်စွမ်းထက်မြက်တဲ့ လူငယ်ခြေတက်ကစားသမားတွေ များတာကြောင့် မာတင်အနေနဲ့ နည်းစနစ်ပိုင်း အရမ်းအားသာမှဘဲ ချန်ပီယံအိပ်မက်ဆက်မက်နိုင်မှာပါ။
ဒါကြောင့်ဘဲ မာတင်ငုယင်ဟာ သူ့ရဲ့ဆရာဟောင်းဖြစ်ခဲ့ဖူးတဲ့ Sanford MMA ( KILL CLIFF ) မှာ နည်းပြကြီး ဟင်နရီဟုဖ်ဆီက နည်းစနစ်ပိုင်းကို အဓိကထားလာရောက် သင်ယူနေတာဖြစ်ကြောင်း နားလည်ရပါတယ်။