Skip to content
Home » ဒေဝနှင့် အောင်လနှစ်ဦးစလုံးကို ONE Championship မှာမြင်တွေ့ရတော့မည်

ဒေဝနှင့် အောင်လနှစ်ဦးစလုံးကို ONE Championship မှာမြင်တွေ့ရတော့မည်

  • by

စင်ကာပူအခြေစိုက် MMA အဖွဲ့အစည်းတစ်ခုဖြစ်သည့် ONE Championship နှင့် မြန်မာနိုင်ငံအခြေစိုက် ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ် WLC တို့ပူးပေါင်းပြီး ကစားသမားချင်းဖလှယ်ယှဉ်ပြိုင်စေမည့် အစီအစဉ်ကို မကြာမှီမှာစတင်ဖို့ ညှိနှိုင်းမှုတွေပြုလုပ်နေကြောင်း အမေရိကန်အခြေစိုက် သတင်းဌာနတစ်ခုက ထုတ်ပြန်ကြေငြာခဲ့ဖူးပါသည်။

Cross-pollinate လို့ခေါ်တွင်သည့် ဒီ promotion အစီအစဉ်မှာ ONE Championship ရဲ့ဖိုက်တာများနှင့် WLC ရဲ့လက်ဝှေ့အကျော်အမော်တွေ ဖလှယ်ယှဉ်ပြိုင်စေမှာဘဲ ဖြစ်ပါတယ်။

ONE Championship ရဲ့ CEO ‘CHATRI’ တွင် မြန်မာ့လက်ဝှေ့အကျော်အမော်ဖြစ်သည့် ဒေဝကို ONE Championship သို့လာရောက်ကစားစေလိုသည့် စိတ်ဆန္ဒ ရှိနေတာဖြစ်ပါတယ်။

ချက်ထရီက WLC ရဲ့လက်ဝှေ့အကျော်အမော် ချန်ပီယံခါးပတ်များကို ပိုင်ဆိုင်ထားသည့် ဒေဝကို ONE Championship ရဲ့ နာမည်ကျော် ဖိုက်တာတစ်ဦးဦးနှင့် ပေးတွေ့စေလိုပြီး ပရိသတ်များ စိတ်ဝင်စားမှုများစွာ ရရှိအောင်ဖန်တီးချင်နေတာဘဲ ဖြစ်ပါတယ်။

ဒါကြောင့် ပရိသတ်တွေအနေဖြင့် မြန်မာ့ဂုဏ်ဆောင်ဖိုက်တာနှစ်ဦးဖြစ်သည့် MMA ဖိုက်တာကြီးအောင်လအန်ဆန်းနှင့် မြန်မာ့လက်ဝှေ့အကျော်အမော် ဒေဝတို့ကို ပူးတွဲပြီး ONE Championship မှာမြင်တွေ့ခွင့်ရရှိတော့မှာလားဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာဘဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *