Skip to content
Home » ကျွန်တော်ချန်ပီယံဖြစ်တုန်းက စိန်ခေါ်ခဲ့တဲ့သူတွေကို ပြန်ပြီးစိန်ခေါ်ချင်ပါတယ်လို့ဆိုလိုက်တဲ့ အောင်လအန်ဆန်း

ကျွန်တော်ချန်ပီယံဖြစ်တုန်းက စိန်ခေါ်ခဲ့တဲ့သူတွေကို ပြန်ပြီးစိန်ခေါ်ချင်ပါတယ်လို့ဆိုလိုက်တဲ့ အောင်လအန်ဆန်း

  • by

ကျွန်တော်တို့မြန်မာပရိသတ်များရဲ့အချစ်တော်ကြီး ကချင်သားကြီး အောင်လအန်ဆန်းသည် ယခင်တုန်းက ONE Championship ရဲ့မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲ‌ဗီးဝိတ်တန်းတို့ရဲ့ နှစ်ထပ်ကွမ်းချန်ပီယံဖိုက်တာတစ်ဦး ဖြစ်ခဲ့ပါတယ်။

ထိုအချိန်က အောင်လသည် ONE Championship မှာ နာမည်ကြီးဖိုက်တာတစ်ဦးဖြစ်လာခဲ့ပြီး ၎င်းနှင့်ထိုးသတ်ချင်ကြောင်း ပြောကြားခဲ့ကြသည့်ဖိုက်တာများရှိသလို ၎င်းကိုစိန်ခေါ်ခဲ့ကြသည့် ဖိုက်တာအရေအတွက်ဟာလည်း အတော်လေးများပြားခဲ့ကြပါတယ်။

ဒါပေမယ့် အောင်လသည် နယ်သာလန်ဖိုက်တာတစ်ဦးဖြစ်တဲ့ ရိုင်နီယာ ဒီရိုက်ဒါကိုနှစ်ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့တာကြောင့် ၎င်း၏ချန်ပီယံခါးပတ်နှစ်ခုစလုံးကို ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီနောက် အောင်လသည် အနည်းငယ် စိတ်ဓာတ်ကျဆင်းသွားခဲ့ကာဝေဖန်ပြစ်တင်မှုများနှင့် ရင်‌ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် အောင်လသည် ယခုအချိန်တွင် လေ့ကျင့်မှုများပြန်လည်လုပ်ဆောင်နေပြီး မစ်ဒယ်ဝိတ်တန်းခါးပတ်ကို ပြန်လည်စိန်ခေါ်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားပြင်ဆင်နေတာဘဲ ဖြစ်ပါတယ်။

အောင်လက အင်တာဗျူးတစ်ခုတွင်-” ကျွန်တော် အိုကာမီကို အနိုင်ယူပြခဲ့ပြီးပါပြီ။ ဒါကြောင့် ကျွန်တော့်က်ို နောက်ပွဲတည်ပေးလို့ရပါပြီ။ ကျွန်တော့်ရဲ့နောက်ပြိုင်ဘက်က မည်သူဖြစ်လာမလဲဆိုတာတော့ မသိသေးပါဘူး။

ဒါပေမယ့် ကျွန်တော်ကတော့ ထိုးဖို့အဆင်သင့်ပါဘဲ။ ကျွန်တော်ချန်ပီယံဖြစ်ခဲ့စဉ်က ကျွန်တော့်ကို စိန်ခေါ်ထားခဲ့တဲ့ ဖိုက်တာတွေထဲက တစ်ဦးဦးနှင့်လဲ ပွဲတည်ပေးလို့ရပါတယ်။”

” ‌ကျွန်တော်က ပြိုင်ဘက်မရွေးပါဘူး။ ဘယ်သူနဲ့မဆို ထိုးသတ်ဖို့အဆင်သင့်ပါဘဲ။ အဓိကက ပွဲဖြစ်လာဖို့ပါဘဲ။ ” ဟု ONE Championship ထံပွဲတောင်းထားခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *