စင်ကာပူအခြေစိုက် MMA အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ONE Championship ဟာ ၎င်းတို့ရဲ့နှစ်ထပ်ကွမ်းချန်ပီယံဟောင်းဖိုက်တာတစ်ဦးဖြစ်တဲ့ ကချင်သားကြီး အောင်လအန်ဆန်းကို နောက်ပွဲတစ်ပွဲ စီစဉ်ပေးခဲ့ပြီဖြစ်ပါတယ်။
ဒါကတော့ အောင်လအန်ဆန်းကို ဇန်နဝါရီလထဲမှာ ဘရာဇီးဖိုက်တာ Gilberto Galvao နဲ့ပွဲတည်ပေးခဲ့တာ ဖြစ်ပါတယ်။
အောင်လအန်ဆန်းဟာ ယူရှင်အိုကာမီနဲ့မထိုးသတ်ခင်ကတည်းက ONE Championship နှင့် Prime Video တို့ပူးပေါင်းကျင်းပတဲ့ ONE on Prime Video ပြိုင်ပွဲကြီးတွင် ပွဲထိုးချင်နေတာဖြစ်ပါတယ်။
ယူရှင်အိုကာမီနဲ့ပွဲကိုတော့ ONE Championship ဟာ ONE 163 ပြိုင်ပွဲမှာသာ ထည့်သွင်းကျင်းပပေးခဲ့ပြီး ယခု Gilberto Galvao နဲ့ပွဲကိုတော့ ONEon Prime Video 6 ပြိုင်ပွဲမှာ ထည့်သွင်းပေးခဲ့ပြီဖြစ်ပါတယ်။
ဒါဟာ ONE Championship က ၎င်းတို့ရဲ့နှစ်ထပ်ကွမ်းချန်ပီယံဖိုက်တာဟောင်းတစ်ဦးရဲ့ စိတ်ဆန္ဒကိုဖြည့်ဆည်းပေးခဲ့ခြင်းဖြစ်ပြီး ၊ အောင်လအန်ဆန်းအပေါ် သူတို့အလေးထားကြောင်းပြသလိုက်တဲ့ လုပ်ရပ်တစ်ခုဘဲ ဖြစ်ပါတယ်။
အောင်လအန်ဆန်းဟာ မစ်ဒယ်ဝိတ်တန်းတစ်ခုတည်းကို အာရုံစိုက်ထားပြီး ဖိုက်တာဘဝက အနားမယူခင်မှာ ချန်ပီယံတစ်ဖန်ပြန်ဖြစ်ချင်နေတာဖြစ်ပါတယ်။အောင်လအနေဖြင့် ယခု Gilberto Galvao နဲ့ပွဲကိုသာ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါက
သူ့ရဲ့နောက်ပွဲဟာ ချန်ပီယံခါးပတ်လုခွင့် အဆုံးအဖြတ်ပွဲမျိုးဖြစ်လာနိုင်သလို ရိုင်နီယာကိုတိုက်ရိုက်စိန်ခေါ်နိုင်မည့် အခွင့်အရေးမျိုးလည်း ONE Championship က ပေးအပ်သွားနိုင်တာကြောင့် သူ့ရဲ့နောက်ပွဲဟာ အတော်လေးစိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
ပရိသတ်ကြီးတို့ရော အောင်လအန်ဆန်းအနေဖြင့် မစ်ဒယ်ဝိတ်တန်းမှာ ချန်ပီယံတစ်ဖန်ပြန်လည် ဖြစ်လာနိုင်လိမ့်မည်ဟု ထင်ပါသလား။ မကြာခင်မှာ ထိုးသတ်မည့် Gilberto Galvao နဲ့ပွဲမှာလည်း အောင်လအန်ဆန်းတစ်ယောက် နိုင်ပွဲထပ်မံရှာဖွေသွားနိုင်လိမ့်မည်ဟု ထင်မြင်မိပါသလားခင်ဗျာ။