မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ဂယ်ရီ နဗီးလ် ကတော့ နည်းပြ အဲရစ် တန်ဟတ် အနေနဲ့ မကြာခင် ရက်စွဲတွေမှာ ဗဟို ခံစစ်ပိုင်း နေရာနဲ့ ပတ်သက်လို့ အခက်အခဲတွေ ကြုံတွေ့သွားဖွယ် ရှိနေကြောင်း ထုတ်ပြော သွားခဲ့လိုက်ပါတယ် ။
မကြာသေးခင်က ကစားခဲ့ကြရတဲ့ ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နံပါတ်တစ် ဦးစားပေး ခံစစ်မှူး နှစ်ဦး ဖြစ်ကြတဲ့ လီဆန်ဒရို မာတီနက်ဇ် နဲ့ ရာဖေးလ် ဗာရန်း တို့ဟာ ဗိုလ်လုပွဲမှာ ထိပ်တိုက် ဆုံတွေ့ခဲ့ကြပါတယ် ။
အဆိုပါ ပွဲစဥ်မှာတော့ မာတီနက်ဇ် ရဲ့ အာဂျင်တီးနား အသင််းဟာ ဗာရန်း ရဲ့ ပြင်သစ် လက်ရွေးစင် အသင်းကို ပင််နယ်တီ အဆုံးအဖြတ်မှာ အနိုင်ယူပြီး ကမ္ဘာ့ ချန်ပီယံ ဆိုတဲ့ ဘွဲ့ထူးကြီးကို ပိုင်ဆိုင်သွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။
အဲ့ဒီနောက် အကျိုးဆက် တစ်ခု အဖြစ် ကမ္ဘာ့ ဖလား ဖိုင်နယ် ကစားခဲ့ကြတဲ့ ကစားသမားတွေဟာ အားလပ်ရက်တွေ ကိုယ်စီ ပိုင်ဆိုင်သွားခဲ့ကြရပါတယ် ။ ဒါ့ကြောင့် အခုချိန် ကလပ်ပွဲတွေ ပြန်လည် စတင်တဲ့အခါမှာ ယူနိုက်တက် အတွက် မာတီနက်ဇ် နဲ့ ဗာရန်း တို့ မပါဝင်ခဲ့ကြရပါဘူး ။
အခြားတဖက်မှာတော့ နောက်ထပ် ဗဟိုခံစစ်မှူး တစ်ဦး ဖြစ်တဲ့ ဟယ်ရီ မက်ဂွားယား ဟာ နေမကောင်း ဖြစ်နေခဲ့ကြောင်း နည်းပြ အဲရစ် တန်ဟတ်က အတည်ပြုခဲ့ပါသေးတယ် ။ ဒါ့ကြောင့် ယူနိုက်တက် ဗဟို ခံစစ် နေရာအတွက် ကစားပေးနိုင်သူ အဖြစ် ဖီးလ် ဂျုံးစ် နဲ့ လင်ဒီလော့ဖ် တို့ပဲ ရှိနေကြပါတော့တယ် ။
ဒါ့ကြောင့် ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ဟာ ဘန်လေး အသင်းနဲ့ ကစားခဲ့ရတဲ့ ကာရာဘောင် ဖလား round 4 ပွဲစဥ်တုန်းက ဗဟိုခံစစ် နေရာမှာ ဗစ်တာ လင်ဒီလော့ဖ် နဲ့ ကာစီမီရို အတွဲကို ထုတ်သုံးသွားခဲ့ရတာပဲ ဖြစ်ပါတယ် ။
အခုတော့ ယူနိိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ် က နည်းပြ အဲရစ် တန်ဟတ် အနေနဲ့ လာမယ့် ပွဲစဥ်တွေမှာ ဒီနေရာ နဲ့ ပတ်သက်လို့ ပြသနာ အကြီးကြီး ကြုံတွေ့ရဖို့ ရှိနေကြောင််း ၊ ကစားသမား နှစ်ဦး နှစ်ပါတ်လောက် အနားယူတာနဲ့ မက်ဂွားယား ဖျားနာတာက အခက်အခဲတွေ ဖြစ်စေလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့လိုက်ပါတယ် ။
” သူတို့ဟာ ဗဟို ခံစစ် နေရာမှာ ပြသနာ အကြီးကြီး ကြုံနေပုံ ပေါ်နေခဲ့ကြပါတယ် ။ မာတီနက်ဇ် ကတော့ အနည်းဆုံံး နှစ်ပါတ်လောက် အနားယူလိမ့်မယ် ပုံစံမျိုး ပေါ်လွင်နေပါတယ် ။ ဗာရန်းလည်း ဒဏ်ရာရခဲ့ပြီး ဘယ်တော့ ပြန်လည်် ကစားပေးနိုင်မလဲဆိုတာ မသေချာလှပါဘူး ”
” အကယ်လို့ ဟယ်ရီ မက်ဂွားယားပါ ဆက်လက် ဖျားနာ နေဦးမယ်ဆိုရင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဥ်တွေမှာ တကယ့်ကို အားနည််းတဲ့ ခံစစ် တစ်ခုကို ပိုင်ဆိုင်သွားရမှာ အသေအချာပါပဲ ” လို့ ဂယ်ရီ နဗီးလ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။
crd