Skip to content
Home » ဆရာမလေး စုစုစံရဲ့ လဝေးခန့်မှန်းချက် မိုးဦးစောမယ်နော်..

ဆရာမလေး စုစုစံရဲ့ လဝေးခန့်မှန်းချက် မိုးဦးစောမယ်နော်..

  • by

ရန်ကုန်ကို ဆောင်းလေညှင်းလေးရောက်ရှိလာပြီးအေးမြသာယာနေပါလိမ့်မယ် ။

၂၀၂၃ ဇန်နဝါရီလ ၂ရက်နေ့မနက်ပိုင်းတွင် ပဲခူးတိုင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်းတွေသည် ဆောင်းသရုပ်ကိုပီပီပြင်ပြင် ရရှိနိုင်ပြီးအေးမြသာယာနေပါလိမ့်မယ် ။

မနက်စောစော အနွေးထည်လှလှလေးတွေဝတ်ဆင်ကြပြီး ပဲပေးနိုင်ကြပါတယ် ။ ဒီနှစ်ဆောင်းက ပိုအေးလို့လာတယ် အရင်ကထက် မအေးပါဘူးပြောနေတဲ့သူတွေ အခုအေးနေပါပြီလို့ ပြောကုန်ကြပြီလေ ။

ပျောက်ဆုံးနေတဲ့ ရန်ကုန်ဆောင်း အလည်ပြန်လည်ရောက်ရှိနေပြီးအေးမြသာယာနေပါလိမ့်မယ် ။ ပဲတီစိမ်းစိုက်ထားကြသူတွေ အပင်အားတိုးဆေးတွေဖြန်းပက်နိုင်ပါတယ် မိုးမရှိပါဘူး ။

မြူနှင်းလေးတွေနဲ့ အပင်လေးတွေ ကြီးထွားရှင်သန်အောင်မြင်ကြပါလိမ့်မယ် ။ ခန့်မှန်းပေးတဲ့သူ ကြည်နူးပိတိဖြစ်စေဖို့ရန်အတွက် မိမိအခင်းလေးတွေရိုက်ပြပေးကြပါ စိုက်ပျိုးရေးပညာရှင်မဟုတ်ပေမယ့် ဘာဆေးကိုသုံးသင့်တယ်ဆိုတာလောက်တော့ အကြံပြုပေးနိုင်ပါတယ်နော် ။

Winds Chill Tanintharyi တနင်္သာရီ ဆောင်း ကြိုတင်ခန့်မှန်းပေးခဲ့တဲ့အတိုင်း တနင်္သာရီ တိုင်းကြီးကို ဆောင်းလေညှင်းလေးအလည်ရောက်ရှိနေပြီဖြစ်ပြီး အေးမြသာယာနေပါလိမ့်မယ် ။

လဝေးခန့်မှန်းချက် မိုးဦးစောမယ်နော် 🌧🌧🌧 ၂၀၂၃ မိုးရာသီအစ မေလအတွင်း ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းတွေမှာ မိုးစတင်ရွာသွန်းနိုင်ပြီး မိုးဦးစောစေနိုင်ပါတယ် ။

နွေရာသီရိတ်သိမ်းရမည့် ကောက်ပဲသီးနှံများကို ဧပြီလမှာ အပြီးရိတ်သိမ်းအခြောက်လှမ်းပြီးလုံခြုံစိတ်ချရတဲ့နေရာမှာသိုမှိသိမ်းဆည်းထားကြဖို့လိုပါတယ် မိုးဦးစောမှာဖြစ်လို့ မိုးရာသီစိုက်ပျိုးကြဖို့ အဆင်ပြေစေမှာဖြစ်ပါတယ် ။

ကျန်တဲ့ဒေသတွေကိုလည်း ခန့်မှန်းပေးနိုင်ရန်အတွက် ကြိုးစားနေပါတယ် အရေးကြီးတဲ့ weather data အချက်အလက်အချို့ဝယ်ယူမရရှိသေးတဲ့အတွက် ခန့်မှန်းပေးနိုင်ရန် နှောင့်နှေးကျန့်ကြာနေပြန်ပါတယ် ။

ဝယ်ယူရရှိပြီးတာနဲ့ တွက်ချက်စိစစ်ပြီး အချိန်နှင့်တပြေးညီခန့်မှန်းပေးသွားပါမယ်နော် ။

Leave a Reply

Your email address will not be published. Required fields are marked *