Skip to content
Home » အောင်လအန်ဆန်းနဲ့ ယှဉ်ပြိုင်မယ့် ပြိုင်ဘက်သစ်ဘရာဇီးဖိုင်တာ ဂေဘာတိုဆိုတာ ….

အောင်လအန်ဆန်းနဲ့ ယှဉ်ပြိုင်မယ့် ပြိုင်ဘက်သစ်ဘရာဇီးဖိုင်တာ ဂေဘာတိုဆိုတာ ….

  • by

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ ကျွန်တို့ရဲ့အချစ်တော် အောင်လအန်ဆန်းတစါ်ယောက် လာမယ့်ပွဲစဉ်မှာ ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်ပြောင်းလဲ သွားတာကို အားလုံးအသိဖြစ်မှာပါ။

ပြိုင်ဖက်သစ်ဖြစ်တဲ့ ဘရာဇီးဖိုက်တာ ဂေဘာတို ဟာဆိုရင်တော့ အရပ်အမောင်းအနေနဲ့ 5′ 8″ ထိရှိပြီး ၂၀၅ ပေါင်အထိရှိတဲ့ ဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။

သူဟာ BJJ မှာ ခါးပတ်နက်အထိရရှိထားပြီး MMA ဝါရင့်ဖိုက်တာတစ်ယောက်ဖြစ်ပါပြီး သူက ” အောင်လဟာ ကြောက်ဖို့ကောင်းတဲ့ ဖိုက်တာ ” မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

သူပြောတဲ့အတိုင်း မြန်မာ့ စပါးကြီး‌အောင်လကို အလဲထိုးနိုင်မလားကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

အောင်လအန်ဆန်းနဲ့ ဘရာဇီးဖိုက်တာ ဂေဘာတို တို့ ဇန်နဝါရီလ ၁၄ရက်နေ့ စနေနေ့ ဘန်ကောက်မှာထိုးသတ်မှာ ဖြစ်ပြီး MMA Middle Weight ပွဲစဉ်အဖြစ်ထိုးသတ်သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

ဂေဘာတိုဟာ အသက် ( ၄၀ ) အရွယ်ရှိနေပြီး Middle Weight Class မှာတော့ ( ၃၈ ) ပွဲထိုးသတ်ခဲ့ပြီး ပွဲ ( ၃၀ ) နိုင် ၊ ( ၇ ) ပွဲရှုံး ၊ ( ၁ ) ပွဲသရေ ရလာဒ်ထွက်ပေါ်ထားခဲ့သူဖြစ်ပါတယ်။ နောက်ဆုံးထိုးသတ်ခဲ့တဲ့ပွဲစဉ်အဖြစ် ( ၂၀၁၉ ) ခုနှစ်က ရိုင်နီယာဒီရိုက်တာ နဲ့ထိုးသတ်ခဲ့ရာမှာ ရှုံးပွဲကြုံတွေ့ထားခဲ့ပါတယ်။

ပရိတ်သတ်ကြီးရော ဒီပွဲစဉ်အပေါ် ခန့်မှန်းရလဒ်နဲ့အတူ အမြင်လေးတွေကိုဝင်ရောက် ဆွေးနွေးခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *