အသက် (၃၇) နှစ်အရွယ်သို့ ရောက်ရှိနေပြီဖြစ်တဲ့ မြန်မာပရိသတ်တွေရဲ့ အချစ်တော်ကချင်သားကြီး အောင်လအန်ဆန်းသည် မကြာသေးခင်အချိန်က အင်တာဗျူးတစ်ခုပြုလုပ်ခဲ့ပြီး
၎င်းရဲ့အနာဂတ်မှာ ၎င်းလျှောက်လှမ်းလိုသည့် လမ်းကြောင်းတစ်ခုကို ဖွင့်ဟလာခဲ့ပါသည်။
အောင်လအန်ဆန်းသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝတွင် ONE Championship လက်အောက်၌ နှစ်အတော်ကြာကစားခဲ့သူဖြစ်ပြီး
လိုက်ဟဲဗီးဝိတ်တန်းနှင့် မစ်ဒယ်ဝိတ်တန်းတို့တွင် နှစ်ထပ်ကွမ်းချန်ပီယံဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားခဲ့ဖူးတဲ့ စွမ်းဆောင်ရည်မြင့်ဖိုက်တာတစ်ဦး ဖြစ်သည်။
လက်ရှိအချိန်မှာတော့ အောင်လအန်ဆန်းဟာ သူ့ရဲ့ချန်ပီယံခါးပတ်အားလုံးကို ဆုံးရှုံးထားခဲ့ပြီးဖြစ်ပြီး သာမန်ဖိုက်တာတစ်ဦးအဖြစ်နှင့်သာ ရပ်တည်ထားနိုင်ခဲ့ပါတယ်။
အသက်အရွယ်ပိုင်းအရ ဖိုက်တာဘဝနှောင်းပိုင်းကို ရောက်ရှိနေပြီဖြစ်တဲ့ အောင်လအန်ဆန်းဟာ ဖိုက်တာဘဝမှာ နောက်တစ်ကြိမ် မစ်ဒယ်ဝိတ်တန်းမှာ ချန်ပီယံပြန်ဖြစ်ချင်နေကြောင်းကို အင်တာဗျူးတစ်ခုတွင် ဖွင့်ဟလာခဲ့ပါတယ်။
“လက်ရှိအချိန်မှာ ကျွန်တော်က မစ်ဒယ်ဝိတ်တန်းအတွက်ဘဲ အာရုံစိုက်ထားပါတယ်။ တစ်ချိန်က လိုက်ဟဲဗီးဝိတ်တန်းထိ ကျွန်တော်က တက်ထိုးခဲ့ပေမယ့် ဒီချိန်မှာတော့ လိုက်ဟဲဗီးဝိတ်တန်းကို တက်ထိုးဖို့စိတ်ကူးမရှိတော့ပါဘူး။ ဒါက ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။”
” မစ်ဒယ်ဝိတ်တန်းအတွက်ဘဲ အာရုံစိုက်ထားပြီး ဒီဝိတ်တန်းအတွက်ဘဲ ကျွန်တော်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ မကြာခင်မှာ နောက်တစ်ပွဲထိုးရမှာဖြစ်ပြီး ဒီပွဲအတွက်ကိုဘဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်။
ဒီအချိန်မှာ နောက်ပွဲထက်အရေးကြီးတာ ကျွန်တော့်မှာ မရှိတော့ပါဘူး “ဟု အောင်လက ဖွင့်ဟသွားခဲ့တာဖြစ်ပါတယ်။
အောင်လအန်ဆန်းရဲ့ပြောကြားချက်အရ အောင်လအန်ဆန်းဟာ သူတစ်ချိန်ကအောင်မြင်ခဲ့ဖူးတဲ့ လိုက်ဟဲဗီးဝိတ်တန်းကို စွန့်ခွာဖို့အပြီးတိုင်ဆုံးဖြတ်ထားခဲ့ပြီး သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားကို မစ်ဒယ်ဝိတ်တန်းမှာသာ အဆုံးသတ်ဖို့ပြင်ဆင်ထားကြောင်း နားလည်ရပါတယ်။