Skip to content
Home » အောင်လရဲ့ပြိုင်ဘက်ဟောင်းတစ်ဦးကို အထူးစည်းမျဉ်းပွဲကစားဖို့ စိန်ခေါ်ထားတဲ့ ရိုင်နီယာ

အောင်လရဲ့ပြိုင်ဘက်ဟောင်းတစ်ဦးကို အထူးစည်းမျဉ်းပွဲကစားဖို့ စိန်ခေါ်ထားတဲ့ ရိုင်နီယာ

  • by

စင်ကာပူအခြေစိုက် MMA အဖွဲ့အစည်းတစ်ခုဖြစ်သည့် ONE Championship သည် ပြီးခဲ့သည့်မတ်လတုန်းက ကျင်းပခဲ့သည့် ၁၀ နှစ်ပြည့်အထိမ်းအမှတ် ‘ONE X’ ပြိုင်ပွဲတွင် DJ နှင့် ရော့တန်တို့ကို ပွဲတည်ပေးခဲ့ပြီး မွေ့ထိုင်းနှင့် MMA ရောထားသည့် အထူးစည်းမျဉ်းပွဲတစ်ပွဲကို ထိုးသတ်စေခဲ့ပါသည်။

ONE Championship ရဲ့ အဆိုပါအထူးစည်းမျဉ်းပွဲပြုလုပ်ခဲ့သည့် အစီအစဉ်ဟာ အောင်မြင်ခဲ့ပြီး ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုများစွာရရှိခဲ့ပြီး အခြားဖိုက်တာများကလည်း အဲ့ဒီလိုအထူးစည်းမျဉ်းပွဲတွေ ထိုးသတ်ဖို့ ဆန္ဒရှိနေကြတာဖြစ်ပါတယ်။

အထူးစည်းမျဉ်းပွဲကစားဖို့ ဆန္ဒရှိနေသည့်ဖိုက်တာများထဲတွင် အောင်လရဲ့ ခါးသီးပြိုင်ဘက်တစ်ဦးဖြစ်သည့် နှစ်ထပ်ကွမ်းချန်ပီယံ ရိုင်နီယာဒီရိုက်ဒါလည်း ပါဝင်နေတာဖြစ်ပါတယ်။

ရိုင်နီယာဒီရိုက်ဒါသည် လက်တလောပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် – ” အထူးစည်းမျဉ်းထိုးသတ်ရတာ‌ ကောင်းပါတယ်။ ကျွန်တော့်အနေနဲ့လည်း အထူးစည်းမျဉ်းပွဲ ထိုးသတ်ဖို့ ဆန္ဒရှိနေပါတယ်။” ဟု ထုတ်ဖော်ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

အထူးစည်းမျဉ်းပွဲထိုးသတ်ဖို့အတွက် ရိုင်နီယာစိန်ခေါ်သွားခဲ့သည့် ဖိုက်တာတစ်ဦးရှိနေပါတယ်။ အဆိုပါဖိုက်တာကတော့ အောင်လအန်ဆန်း၏ ပြိုင်ဘက်ဟောင်းတစ်ဦးဖြစ်သည့် MMA နှင့် မွေ့ထိုင်းဖိုက်တာကြီး အလိန်းဂလာနီဘဲ ဖြစ်ပါတယ်။

အလိန်းဂလာနီသည် 2017 ခုနှစ်တုန်းက အောင်လအန်ဆန်းနှင့်ထိုးသတ်ခဲ့ဖူးပြီး နောက်ပိုင်းမှာ အောင်လနှင့်ရင်းနှီးသည့် ဆက်ဆံရေးရှိနေသည့် ဖိုက်တာတစ်ဦးဘဲဖြစ်ပါတယ်။

အလိန်းဂလာနီသည် ဟောင်ကောင်ဖိုက်တာတစ်ဦးဖြစ်ပြီး အသက် 44 နှစ်အရွယ်ရှိနေပြီဖြစ်တာကြောင့် အရွယ်ကောင်းဖိုက်တာတစ်ဦးတော့ မဟုတ်တော့ပါဘူး။

ဒါပေမယ့် အလိန်းဂလာနီသည် ယခင်က မွေ့ထိုင်းချန်ပီယံ 4 ကြိမ်အထိဖြစ်ခဲ့ဖူးပြီး မွေ့ထိုင်းအပြင် တခြားတိုက်ခိုက်ရေးတွေဖြစ်သည့် ကရာတေးနှင့် ဂျူဒိုတို့မှာ ခါးပတ်နက်၊ BJJ အားကစားနည်းမှာ ခါးပတ်ခရမ်းရောင်တို့ကို ရရှိထားသည့် ဖိုက်တာတစ်ဦးဖြစ်ပါတယ်။

ရိုင်နီယာ ဒီရိုက်ဒါသည်လည်း ONE Championship တွင် မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းတို့ရဲ့ ချန်ပီယံခါးပတ်များကို ပိုင်ဆိုင်ထားသည့် နှစ်ထပ်ကွမ်းချန်ပီယံဖြစ်တာကြောင့် ONE Championship အနေဖြင့် ရိုင်နီယာနှင့် အလိန်းဂလာနီတို့ကိုသာ အထူးစည်းမျဉ်းရောပွဲ တည်ပေးခဲ့ပါက ပရိသတ်စိတ်ဝင်စားမှုများစွာရရှိပြီး ပရိသတ်အကြိုက်ပွဲကောင်းပွဲကြမ်းတစ်ပွဲ ဖြစ်လာမှာပါ။

ပရိသတ်ကြီးတို့ရော ရိုင်နီယာနဲ့ အလိန်းဂလာနီတို့ရဲ့ အထူးစည်းမျဉ်းရောပွဲကို ကြည့်ရှုချင်ကြပါသ လား၊ အကယ်၍ အဆိုပါပွဲစဉ်ဖြစ်လာခဲ့ရင်ရော မည်သူက အနိုင်ရရှိသွားမလဲဆိုတာ ကွန်းမန့်မှာ ဝင်ရောက်ဆွေးနွေးပေးကြပါဦးခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *