Skip to content
Home » အမျိုးသမီးတွေ အင်္ဂါမှာမှည့်ပါလာရင် ဘာဖြစ်တတ်လဲ

အမျိုးသမီးတွေ အင်္ဂါမှာမှည့်ပါလာရင် ဘာဖြစ်တတ်လဲ

  • by

အမျိုးသမီးတွေ အင်္ဂါမှာမှည့်ပါလာရင် ဘာဖြစ်တတ်လဲ

ခဏခဏ အမေးခံရလွန်းလို့ မမေးစေလိုပါ ဆိုပြီးလားပဲ … ကျွန်တော် ပိုစ့်တစ်ပုဒ်တောင် ရေးတင်ပေးခဲ့ ဖူးပါတယ်။ ဘာမေးခွန်းလဲ ဆိုတော့….ဆရာ မိန်းမအင်္ဂါမှာ မှည့်ပါတာ …ဘာဖြစ်တတ်သ လဲရှင့် ဆိုတဲ့မေးခွန်းပါပဲ။

ဒီမေးခွန်းကို အနီးဆုံးကာလအဖြစ်… ပြီးခဲ့တဲ့လထဲကလည်း တစ်ခါထပ်မေးခံရပြန်ပါတယ်။ ကျွန်တော်မှတ်မိသလောက် သူမ မေးခွန်းက ….အောက်ပါအတိုင်းပါ။ ဆရာ…မိန်းမအင်္ဂါမှာမှည့်ပါရင် ယောကျာ်းသေတတ်တယ် ဆိုတာ ဟုတ်သလားရှင့်တဲ့။

အစကတော့ ကျွန်တော် ဒီမေးခွန်းမျိုးတွေကို စိတ်လည်းကုန်နေ တာမို့တစ်ကြောင်း၊ သူစိမ်းယောကျာ်းသား တစ်ယောက်နဲ့ မိန်းမ တစ်ယောက်လိင်အင်္ဂါအကြောင်းလည်း မဆွေးနွေးသင့်လို့လည်း ယူဆမိ တာကြောင့် တစ်ကြောင်း…မဖြေဘူးလို့ နေတာပါ။

ဒါပေမယ့် အမျိုးသမီးငယ် စိတ္တဇကပ်နေပြီး စိတ်သောကရောက်နေပုံရတာကြောင့်…ဖြေပေးလိုက်ပါ တယ်။ (နောက်ကိုတော့ ဒါမျိုးမမေးပါနဲ့တော့ ဆိုပြီး တားရပါသေးတယ်)။ ကျွန်တော်ဖြေပေးလိုက်တာကတော့ …အမျိုးသမီးအင်္ဂါမှာ ဖြစ်စေ..အမျိုးသားအသေဆုံးစေနိုင်သည် ဟူသည်မှာ လုံးဝမဟုတ်ပါ။

ထိုသို့မှည့်ပါနေခဲ့ရင် ဆန့်ကျင်ဘက်လိင်ကို (တနည်း) အိမ်ထောင်ဖက်ကို အိမ်ထောင်ရေးသုခ (ကာမသုခ) ပိုမိုပေးနိုင်သည့် လက္ခဏာသာ ဖြစ်ပါကြောင်း။ ဒီနေရာမှာ ကျွန်တော် စဉ်းစားမိလာတာလေးတစ်ချက် ပြောချင်တာရှိပါတယ်။

ခုနောက်ပိုင်းဒီခေတ် ဒီကာလမှာ အချို့သော ယုတ်မာသော ပညာခုတုံးလုပ်အသက်မွေးနေသည့် ဗေဒင်ဆရာတစ်ချို့သည် အမျိုးသမီးအရွယ်ကောင်းများကို ဗေဒင်ဟောဆိုသည့်အခါမှာ …နင့်ရဲ့ မိန်းမကိုယ်မှာ မှည့်ပါသလားပါရင် .ယောကျာ်းသေတတ်တယ်။

ချစ်သူရည်းစားနဲ့ သေကွဲကွဲတတ်တယ် စသည်ဖြင့် ဟောဆိုမှု စတင်ပါတယ်။ မပါခဲ့သည့်မိန်းကလေးက ကိစ္စမရှိပေမယ့် ၊ တစ်ကယ် ပါနေတဲ့ မိန်းကလေးတစ်ချို့မှာ စိတ်သောက ၊စိတ်ဥပါဒ် စတင် ဖြစ်စေတော့တာပါပဲ။ ဒါနဲ့ပြီးပြီလား ဆိုတော့ မပြီးသေးပါဘူး။

အဲလိုစိုးရိမ်စိတ်ဝင်သွားတဲ့ မိန်းကလေးရဲ့ မျက်နှာရိပ် မျက်နှာကဲ မြင်ပြီဆိုတာနဲ့ ဒီလိုလူယုတ်မာမျိုးတွေက. ဒီမှည့်ကို ဖျောက်မှဖြစ်မယ်။ဖျောက်ချင်ရင် ဆရာ့ဆီ ဘယ်နေ့လာခဲ့။ ဘာပွဲညာပွဲထိုးရမယ်။

ဆရာဂါထာမန်းပြီး မှည့်ကနေ အပြစ်မဖြစ်နိုင်အောင် ဘယ်လိုလုပ်ပေးမယ် ညာလိုလုပ်ပေးမယ်နဲ့ ထပ်ဆင့် လာနိုင်ပါတယ်။တစ်ချို့ဆို ကာမလိမ်လည် ရယူခံရသည်အထိဖြစ်သွားခဲ့ကြ တာလည်းကြားခဲ့ရဖူးပါတယ်။

ဆိုတော့ …နှမတွေ ၊ အစ်မတွေ ကို တစ်ခုလေးသတိပေးလိုတာက ..မှည့်ဆိုတာ မှည့်ပါပဲ။ ထူးခြားသော မွေးရာပါမှည့်မျိုးကသာလျင် အကျိုးအပြစ်ကိုထင်ရှားစေပါတယ်။ ခါတော်မီမှည့်တွေ ဆိုတာကတော့ အသက်ကြီး လာလေလေ ဟိုသည် နေရာအနှံ့ ပေါ်လာလေလေ။ ဉာဏ်မတိမ်ပါနဲ့။

မကြောက်ပါနဲ့။ကြောက်တတ်သူ ၊ဉာဏ်တိမ်သူကိုပဲ လူယုတ်မာတွေကပစ်မှတ်ထားကြတာပါ။ မိမိဉာဏ် နဲ့ မိမိရဲ့ ယုံကြည်ချက်ခိုင်မာ မှုကသာလျင် မိမိကိုယ်ကို စောင့်ရှောက် ကာကွယ်နိုင်ပါ လိမ့်မယ်။

ဒီခေတ်ကတော့ …လူယုတ်မာတွေ အလွှာအသီးသီး နယ်ပယ် အသီးသီးမှာ သိပ်ပေါ သည့်ခေတ်ပါ။ ဘယ်သူပြောတာမှ လွယ်လင့်တစ်ကူ မယုံစားစေလိုပါ။ လေးစားစွာဖြင့် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09 789 333 791

Leave a Reply

Your email address will not be published. Required fields are marked *