Skip to content
Home » မာလီခင်ကို ရှုံးနိမ့်ပြီးနောက် ရိုင်နီယာတစ်ယောက် ဘာဆက်လုပ်မလဲ

မာလီခင်ကို ရှုံးနိမ့်ပြီးနောက် ရိုင်နီယာတစ်ယောက် ဘာဆက်လုပ်မလဲ

  • by

ONE Championship ရဲ့ နှစ်ထပ်ကွမ်းချန်ပီယံဂုဏ်ပုဒ်ကို တစ်နှစ်ကျော်ကြာ ပိုင်ဆိုင်ခဲ့ဖူးတဲ့ နယ်သာလန်ဖိုက်တာ ရိုင်နီယာ ဒီရိုက်ဒါသည် မကြာသေးခင်အချိန်ကမှ ဟဲဗီးဝိတ်တန်းကဖိုက်တာတစ်ဦးဖြစ်တဲ့ အနာတိုလီ မာလီခင်နှင့် လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံလုပွဲ ထိုးသတ်ခဲ့ပြီး ရှုံးနိမ့်သွားခဲ့ပါတယ်။

ဒါဟာ ONE Championship ကို စရောက်ချိန်ကတည်းက ထိုးသတ်ခဲ့သည့်ပွဲစဉ်အားလုံးမှာ ပထမဆုံး အရှုံးလည်း ဖြစ်ခဲ့ပါတယ်။

အဆိုပါရှုံးပွဲကြောင့် ရိုင်နီယာဟာ သူဖြစ်ချင်နေတဲ့ ဝိတ်တန်း ၃ ခုရဲ့ချန်ပီယံအိမ်မက်ဟာ ပျက်ပျယ်ခဲ့ရပြီး လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်ရော ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်ကိုပါ မျက်စောင်းထိုးလို့မရတော့ပါဘူး။

သို့ပေမယ့် အာဂျန်ဘူလာသာ ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်လုပွဲမှာ အနိုင်ရရှိခဲ့မည်ဆိုပါက အာဂျန်ဘူလာနှင့် ရိုင်နီယာတို့ဟာ တွေ့ဆုံနိုင်ဖို့ အခွင့်အရေးကောင်းရလာနိုင်မည်ဖြစ်သည်။ လက်ရှိစွမ်းဆောင်ရည်အရတော့ အာဂျန်ဘူလာဟာ အနာတိုလီမာလီခင်ကို နိုင်ဖို့အတွက် မဖြစ်နိုင်သေးပါဘူး။

ဒါကြောင့် ရိုင်နီယာအနေဖြင့် လက်ရှိအချိန်မှာတော့ သူလက်ဝယ်ပိုင်ဆိုင်ထားတဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကိုသာ သေချာထိန်းသိမ်းရမည်ဖြစ်ပြီး သူ့ရဲ့ချန်ပီယံခါးပတ်ကို အနီးစပ်ဆုံးစိန်ခေါ်မည့်ဖိုက်တာကတော့ ကျွန်တော်တို့ရဲ့ကချင်သားကြီး အောင်လအန်ဆန်းဘဲဖြစ်ပါတယ်။

အောင်လအန်ဆန်းဟာ လက်တလောတွင် Ground ပိုင်းကို သေချာလေးပြန်လည် ပြင်ဆင်ထားပြီး ယူရှင်အိုကာမီနဲ့ပွဲမှာ သူ့ရဲ့ Ground skill အချို့ကို ပြသထားခဲ့ပြီးဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိအချိန်ဟာ ရိုင်နီယာအတွက် အဖက်ဖက်ကနေ ဖိအားတွေဝင်လာစေနိုင်ပြီး စိတ်သေချာစုစည်းပြီး မကိုင်တွယ်နိုင်ရင်တော့ သူ့ရဲ့မစ်ဒယ်ဝိတ်တန်းချန်ပီယံဂုဏ်ပုဒ်ကို ဆက်ထိန်းထားဖို့ မသေချာတော့ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *