Skip to content
Home » ONE Championship မှာကြမ်းနေသည့် မြန်မာကိုယ်စားပြုဖိုက်တာမလေး

ONE Championship မှာကြမ်းနေသည့် မြန်မာကိုယ်စားပြုဖိုက်တာမလေး

  • by

စင်ကာပူအခြေစိုက် MMA အဖွဲ့အစည်းတစ်ခုဖြစ်သည့် ONE Championship တွင် နိုင်ငံပေါင်းစုံက ဖိုက်တာများက လာရောက်ထိုးသတ်နေပြီး ကျွန်တော်တို့မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ထိုးသတ်နေသည့် ဖိုက်တာကောင်းတွေလည်း ရှိနေပါတယ်။

မြန်မာကိုယ်စားပြုဖိုက်တာများထဲတွင် မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းတို့ရဲ့ နှစ်ထပ်ကွမ်းချန်ပီယံဟောင်းဖြစ်သည့် ကချင်သားကြီး အောင်လအန်ဆန်းသည် အကျော်ကြားဆုံးဖိုက်တာတစ်ဦးအဖြစ် ထပ်ဆုံးမှရပ်တည်နေလျက်ရှိပါတယ်။

ONE Championship တွင် အောင်လအန်ဆန်းနှင့် တီရယ်ထန်တို့လို နာမည်ကျော် မြန်မာကိုယ်စားပြု ဖိုက်တာများရှိနေသလို မြန်မာကိုယ်စားပြုပြီး ထိုးသတ်နေသည့် အမျိုးသမီးဖိုက်တာတစ်ဦးလည်း ရှိနေပါတယ်။

သူမကတော့ ကယန်းတိုင်းရင်းသူလေး အန်တိုနီယာဘဲ ဖြစ်ပါတယ်။ အန်တိုနီယာသည် ကယားပြည်နယ်မြို့တော် လွိုင်ကော်ဇာတိဖြစ်ပြီး အသက် 16 နှစ်အရွယ်ကတည်းက မြန်မာ့လက်ဝှေ့ကို လိုက်စားခဲ့ပြီး မြန်မာ့လက်ဝှေ့တွင် ချန်ပီယံ 2 ကြိမ်ဖြစ်ခဲ့ဖူးပါတယ်။

အန်တိုနီယာသည် 2018 ခုနှစ်ကတည်းက ONE Championship သို့ရောက်ရှိခဲ့ပြီး MMA အဖွင့်ပွဲကို မြန်မာနိုင်ငံရှိ သုဝဏ္ဏကွင်းတွင် ထိုးသတ်ခဲ့ပြီး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အန်တိုနီယာသည် လက်ရှိအချိန်တွင် Strawweight တန်းတွင်ထိုးသတ်နေတာ ဖြစ်ပါတယ်။ အန်တိုနီယာရဲ့ MMA မှတ်တမ်းကတော့ 5 ပွဲထိုးသတ်ထားပြီး 3 ပွဲအနိုင်ရရှိထားတာ 2 ပွဲရှုံးနိမ့်ထားပါသည်။

မြန်မာပရိသတ်တွေအနေဖြင့် ONE Championship မှာ ထိုးသတ်နေသည့် တစ်ဦးတည်းသော မြန်မာကိုယ်စားပြုဖိုက်တာမလေးကို အားပေးကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *