Skip to content
Home » အောင်လအန်ဆန်းရဲ့ပြိုင်ဘက်သစ် Gilberto Galvao ရဲ့ မှတ်တမ်းမှတ်ရာအချို့

အောင်လအန်ဆန်းရဲ့ပြိုင်ဘက်သစ် Gilberto Galvao ရဲ့ မှတ်တမ်းမှတ်ရာအချို့

  • by

One Championship အဖွဲ့အစည်းမှာ ၂၀၂၃ ခုနှစ်အတွက် ပထမဆုံးပြိုင်ပွဲကြီးကို ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ဖို့ စီစဉ်ထားခဲ့ပြီး ယမန်နေ့ကဘဲ ထိုပြိုင်ပွဲကြီးတွင် ပါဝင်မည့်တွဲဆိုင်းများကို ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

ထူးခြားချက်အနေနဲ့ မူလစီစဉ်ထားတဲ့ တွဲဆိုင်းအတော်များများတွင် ပြိုင်ဘက်အပြောင်းအလဲတွေဖြစ်ပေါ်ခဲ့ပြီး ထိုအထဲတွင် ကျွန်တော်တို့မြန်မာပရိသတ်တွေရဲ့အချစ်တော်ကချင်သားကြီးအောင်လအန်ဆန်းလည်း ပါဝင်နေပါတယ်။

အောင်လအန်ဆန်းဟာ မူလက ထိုပြိုင်ပွဲတွင် တရုတ်ဖိုက်တာဖန်ဝေါင်းနှင့်ထိုးသတ်ဖို့ စီစဉ်ထားခဲ့ပေမယ့် ဖန်ဝေါင်းသည် ကိုဗစ်ပြဿနာကြောင့် နှုတ်ထွက်သွားခဲ့ပြီဖြစ်ပြီး ONE Championship ကလည်း အောင်လကို ဝါရင့်ဖိုက်တာတစ်ဦးဖြစ်တဲ့ ဘရာဇီးဖိုက်တာ Gilberto Galvao နဲ့ ပွဲတည်ပေးထားခဲ့ပါတယ်။

Gilberto Galvao ဆိုတာ အသက် ၄၀ အရွယ် ဘရာဇီးဝါရင့်ဖိုက်တာတစ်ဦးဖြစ်ပြီး ပရော်ဖက်ရှင်နယ်ဖိုက်တာဘဝမှာ စုစုပေါင်းနိုင်ပွဲ (၃၀) အထိ ရရှိထားကာ (၇) ပွဲသာ ရှုံးနိမ့်ထားတဲ့ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပါတယ်။

ONE Championship လက်အောက်မှာတော့ သူဟာ ၂ ပွဲနိုင် ၂ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ဂယ်လ်ဗာရိုဟာ ONE Championship ဟာ ၂၀၁၉ ခုနှစ်က နောက်ဆုံးထိုးသတ်ထားတာဖြစ်ပြီး သူ့ရဲ့နောက်ဆုံးပြိုင်ဘက်က ရိုင်နီယာ ဒီရိုက်ဒါဖြစ်ပါတယ်။

ထိုပွဲမှာတော့ ဂယ်လ်ဗာရိုဟာ အရေးနိမ့်ခဲ့ပါတယ်။ သူဟာ BJJ အားကစားနည်းမှာ ခါးပတ်နက်ဖြစ်တာကြောင့် အောင်လအန်ဆန်းအတွက် နောက်ထပ်ခက်ခဲမယ့် ပွဲတစ်ပွဲဖြစ်လာဦးမှာပါ။

ဒီပွဲဟာ မစ်ဒယ်ဝိတ်တန်းခေါင်းစဉ်အောက်မှာ ထိုးသတ်မှာမဟုတ်ဘဲ Catch Weight 215 ပေါင်တန်းမှာ ထိုးသတ်မှာဖြစ်ပါတယ်။

ပွဲနားနီးကပ်ချိန်မှ ဂယ်လ်ဗာရိုကို ဖန်ဝေါင်းရဲ့နေရာကို အစားထိုးလိုက်တာကြောင့် သူ့အနေဖြင့် သတ်မှတ်ဝိတ်အတွင်းဝင်ရောက်နိုင်ဖို့ မလွယ်ကူတာကြောင့် ယခုလို Catch Weight ခေါင်းစဉ်အောက်သို့ ပြောင်းလဲလိုက်တာဖြစ်မယ်လို့ ကျွမ်းကျင်သူအချို့က သုံးသပ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *