Skip to content
Home » ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွက် အီဗရာရဲ့ ခန့်မှန်းချက်များ

ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွက် အီဗရာရဲ့ ခန့်မှန်းချက်များ

  • by

ဘရန်ဖို့ဒ် Vs တော့တင်ဟမ်

ပင်နယ်တီ ရတဲ့အခါတိုင်း ဟယ်ရီကိန်း အပေါ် ဘယ်လို တုန့်ပြန်ကြမလဲဆိုတာ ခန့်မှန်းကြည့်လိုက်ပါ။ သူ့အနေနဲ့ strong ဖြစ်နေဖို့ လိုအပ်ပါတယ်။ ကမ္ဘာ့ဖလား အပြီး ချက်ချင်းဆိုသလို ပြန်ကစားရတာဟာ သူ့အတွက် ခက်ခဲမှာပါ။ ကျနော်ကတော့ ဘရန်ဖို့ဒ်ကို ဒီနေရာမှာ ရွေးချယ်သွားပါမယ်။ သူတို့ဟာ လန်းဆန်းနေမှာ ဖြစ်တဲ့အပြင် အဓိကကစားသမား အများစုနဲ့ ပြင်ဆင်လေ့ကျင့်ချိန်က ပိုရှိထားပါတယ်။ခန့်မှန်းချက် : ၂-၁

အက်စတွန်ဗီလာ Vs လီဗာပူး

ပြီးခဲ့တဲ့ ကာရာဘောင်ဖလား ပွဲစဉ်မှာ လီဗာပူးရဲ့ ကစားပုံကို ကျနော် တွေ့ခဲ့ပါတယ်။ သူတို့ဟာ ဒေါသထွက်နေပါတယ်။သူတို့ရဲ့ နိုင်ပွဲဆာလောင်မှုက ပြန်လာပါပြီ။ သူတို့ဟာ ဒုတိယရာသီဝက်မှာ အတောင့်တင်းဆုံး ပုံစံနဲ့ ပြန်လာချင်နေပြီး သူတို့ ဒီပွဲစဉ်ကနေ စတင်ကာ နိုင်ပွဲ ရယူသွားလိမ့်မယ်လို့ ကျနော် မြင်နေပါတယ်။ခန့်မှန်းချက် : ၁-၃

အာဆင်နယ် Vs ဝက်ဟမ်း

အာဆင်နယ်ဟာ မန်စီးတီးထက် အရင်ကန်သွားရမှာ ဖြစ်တာကြောင့် ဂွာဒီယိုလာရဲ့ အသင်းကို ၈ မှတ် ဖြတ်ထားနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။ ကစားသမားတွေ အနေနဲ့ ပရော်ဖက်ရှင်နယ်ဆန်ဖို့ လိုအပ်ကာ ခရစ်စမတ်ကာလမှာ အပျော်မလွန်ဘဲ ကလပ်ရဲ့ ရည်မှန်းချက်ကို နားလည်ထားရမှာပါ။ ဂျီဆုဟာ ဒ‌ဏ်ရာရနေပါတယ်။ အာဆင်နယ်တို့ သူ့ကို လွမ်းနေရမှာပါ။ ဒီပွဲစဉ်ဟာ သရေကျသွားမယ်လို့ ကျနော် မြင်နေပါတယ်။ခန့်မှန်းချက် : ၂-၂

ချဲလ်ဆီး Vs ဘုန်းမောက်

အခုဆိုရင် ချဲလ်ဆီးတို့ ဘယအကြောင်းပြချက်မှ ပေးစရာ မရှိပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲကို မသွားခဲ့တဲ့ ကစားသမားတွေဟာ အချိန်တစ်လ ပြင်ဆင်ချိန်ရခဲ့ပြီး ပေါ်တာကလည်း သူ့ကစားသမားတွေ အကြောင်းကို ပိုပြီး သိလာမှာပါ။ ကစားသမားတွေ ဘက်ကလည်း နည်းပြရဲ့ system ကို ပိုမို နားလည်လာကာ တိုက်ပွဲဝင်ဖို့ အသင့် ဖြစ်နေမှာပါ။ ဒါ့ကြောင့် ချဲလ်ဆီး အနေနဲ့ ဘာမှ အကြောင်းပြချက် ပေးစရာ မရှိဘူးလို့ ပြောတာပါ။ ဒါဟာ သူတို့ wake up ဖြစ်ကာ ရာသီ ပြန်လည်စတင်ရမယ့် အချိန် ဖြစ်ပါတယ်။ခန့်မှန်းချက် : ၂-၀

မန်ယူနိုက်တက် Vs နော့တင်ဟမ်

ဒါဟာ ပွဲကြီးပွဲကောင်းပါ။ လင်ဂတ်ရဲ့ အိမ်အပြန်ဖြစ်ပြီး သူဟာ ယူနိုက်တက်ကို ချစ်ပေမယ့် ဒီပွဲစဉ်မှာ နာကျင်မှုကို ပေးချင်နေမှာပါ။ ဗာရန်း နဲ့ မာတီနက်ဇ် တို့ဟာ ဒီပွဲကို လွဲချော်သွားဖို့ ရှိနေပါတယ်။ ဒါဟာ မက်ဂွိုင်းယား အတွက် အခွင့်အရေးပါ။ ဒီပွဲဟာ မှန်းရခက်ပါတယ်။ မာစီရယ် ပြန်ကစားနေတဲ့ အပေါ် ကျနော် ဝမ်းသာမိပါတယ်။ ဒ့ါအပြင် ဒါဟာ ယူနိုက်တက်တို့ ရော်နယ်ဒို ပုံပြင်မပါဘဲ ပထမဦးဆုံး ကစားသွားရမယ့် ပွဲဖြစ်ပါတယ်။ တန်းဟတ်အတွက်လည်း ဖိအားနည်းသွားပါတယ်။ အနာဂတ်အတွက်သာ အာရုံစိုက်သွားမယ်ဆိုတဲ့ တန်းဟတ်ရဲ့ ပြောဆိုမှုကို ကျနော် ကြိုက်ပါတယ်။

ယူနိုက်တက်အနေနဲ့ ရော်နယ်ဒိုကို မလိုအပ်ဘူးဆိုတာ ပြသသွားရမယ့် အချိန်ပါပဲ။ ကစားသမားတွေအတွက် ကြီးမားတဲ့ တာဝန်တွေက ရှိနေပါတယ်။ အသင်းမှာ negativity လည်း မရှိတော့တာကြောင့် အားလုံး ရော်နယ်ဒိုပုံပြင်ကို ရပ်သွားဖို့ လိုအပ်ပါတယ်။ ယူနိုက်တက်နဲ့ပက်သက်ပြီး အကောင်း မြင်ထားတာကြောင့် ယူနိုက်တက်တို့ နိုင်မယ်လို့ ပြောချင်ပါတယ်။ခန့်မှန်းချက် : ၂-၁

လိဒ် Vs မန်စီးတီး

ဟာလန်း ပြန်လာပါပြီ။ ဘယ်အသင်းမှ သူ့ကို တားဆီးသွားနိုင်ရန် အခွင့်အရေး မရှိပါဘူး။ အယ်ဗာရက်စ်ဟာ မန်စီးတီးမှာ ပွဲထွက်ကစားသမားစာရင်း ပါဝင်သူ မဟုတ်ပေမယ့် အခုတော့ သူဟာ ကမ္ဘာ့ဖလားနဲ့ အောင်ပွဲခံနေပါတယ်။ ဒါဟာ မတရားပါဘူး။ စီးတီးဟာ ပိုမိုပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပြန်လာမှာပါ။ ဟာလန်းကလည်း ကမ္ဘာ့ဖလားကာလအတွင်း သူ့ကို မေ့ထားခဲ့တဲ့ လူတွေကို သူဘာလဲဆိုတာ ပြသသွားချင်မှာပါ။ အကုန်လုံးရဲ့ မျက်လုံးတွေ ဟာလန်းဆီကိုပဲ ပြန်ရောက်မှာပါ။ခန့်မှန်းချက် : ၀-၃

အခြားပွဲစဉ်များဆောက်သမ်တန် ၀-၂ ဘရိုက်တန်
လက်စတာ ၁-၂ နယူးကာဆယ်။ပဲလေ့စ် ၂-၀ ဖူဟမ်
အဲ‌ဗာတန် ၁-၀ ဝုဖ်crd

Leave a Reply

Your email address will not be published. Required fields are marked *